COVID-19 ကူးစက်ရောဂါနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၂၀) ရက်နေ့၌ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆင်ဂွေကျေးရွာအုပ်စု၊ ဆင်ဂွေ၊ ဗောဓိကုန်း၊ ထိပ်ပေါက်၊ ကူးတို့ကုန်း၊ မကျီးကုန်းနှင့် ပိတောက်စမ်းကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်ပွားစေရေးအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား လည်းကောင်း၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ အားလည်းကောင်းအသိပညာပေးဆော်ဩခဲ့ပြီး ပြည်သူလူထုအား Mask များဖြန့်ဝေပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။

#ar
#bgo_nov2020
Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events