COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၂၀) ရက်နေ့၊ နံနက် (ဝ၈:၃၀) နာရီအချိန်မှ နေ့လည် (၁၂:ဝဝ) အချိန်ထိ နမ့်စန်မြို့နယ်မီးသတ် ဦးစီးဌာနနှင့်ပူးပေါင်း၍ Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းကာလအတွင်း ပြည်တွင်း ကူးစက်ပျံ့ပွားမှုကာကွယ်ရေးအတွက် နမ့်စန်မြို့၊ ပျံကျစျေးနှင့် ရပ်ကွက်(၂/၄/၅) စစ်မှုထမ်း ဟောင်း ရပ်ကွက်တို့၌လည်းကောင်း၊ မွန်းလွဲပိုင်း (၁၃:၀၀)နာရီအချိန်မှ ညနေ(၁၆:၁၅) နာရီအချိန်ထိ နမ်စန်မြို့၊ ဝမ်ပုံကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၊ ထင်းရှုးမြိုင်ကျေးရွာ၌လည်း ကောင်း၊ Covid-19ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ သဘာဝဘေး အန္တရာယ်အကြောင်းများနှင့် ရှောင်ရန်/ဆောင်ရန် စသည်များအား ပအိုဘာသာ၊ ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လှည့်လည်ဆော်သြပြီး ပါးစပ်နှင့်နှာခေါင်းစည်း (mask) များဖြန့်ဝေခြင်း၊ Covid-19 အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ ဆောင်ရန် လက်ကမ်စာစောင်များဖြန့်ဝေခြင်း၊ ဗွီနှိုင်းများကပ်ခြင်းစသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#shn_nov2020

Sign Up

Upcoming Events