COVID – 19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင် ပါ၀င်ကြမည့် စေတနာ့၀န်ထမ်းများကို သင်တန်းပေးခြင်းနှင့် အားပေးစကားပြော ကြားခြင်း အစီစဉ်တွင် ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ပါ၀င်ဆွေးနွေးမှုသတင်း

-၁၂-၂၀၂၀၊ နေပြည်တော်

COVID–19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင် ပါ၀င်ကြမည့် စေတနာ့၀န်ထမ်းများကို ဆင့်ပွားသင်တန်းပေးခြင်းနှင့် အားပေး စကားပြောကြားခြင်းအစီစဉ်ကို Online စနစ်ဖြင့်ကျင်းပရာ  လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာ၀င်းမြတ်အေး၊ အမြဲတမ်းအတွင်း၀န်၊ လူမှု၀န်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊  မြန်မာနိုင်ငံဆရာ၀န်အသင်း၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတို့မှ သင်တန်းဆရာ၊ ဆရာမများ၊ အမျိုးသား အဆင့်စေတနာ့၀န်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူးရုံးအဖွဲ့၀င်များ၊ နေပြည်တော်ကောင်စီနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ သင်တန်းသား စေတနာ့၀န်ထမ်း(၁၃၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စု၀န်ကြီးက အားပေးစကားပြောကြားရာတွင် COVID – 19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် စေတနာ့ ၀န်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသလို မွန်မြတ်ပါကြောင်း၊ စေတနာ့၀န်ထမ်းများသည်သည်းခံစိတ်၊ ကိုယ်ချင်းစာစိတ် မေတ္တာ တရား၊ ကိုယ်ကျိုးစွန့်၍ အန္တရာယ်ကိုရင်ဆိုင်နိုင်သော စာဂတရား၊ အခက်အခဲ စိန်ခေါ်မှုများကြုံတွေ့တိုင်း ဇွဲသတ္တိဖြင့် နောက်မဆုတ်သော ဝီရိယ တရားတို့ဖြင့် ပြည့်စုံ သူများဖြစ်ကြကြောင်း၊ COVID-19 ကပ်ရောဂါသည် ကူးစက်မြန်သော ရောဂါဖြစ်သဖြင့် စေတနာ့၀န်ထမ်းများအနေဖြင့် ပြည်သူများအား COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ၀န်ဆောင်မှုများပေးရာတွင် အသက်အရွယ်အခြေအနေနှင့် ကဏ္ဍအလိုက် အသိပညာ၊ လုပ်ငန်းဆိုင်ရာနှင့် တာ၀န်အလိုက် ပြောဆိုဆက်သွယ်မှုဆိုင်ရာ ကျွမ်းကျင်မှု၊ စိတ်ချလုံခြုံရမှု၊ စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးပေးနိုင်မှု စသည်တို့ကို စနစ်တကျဆောင်ရွက်ပေး နိုင်ရန်လိုအပ်သည့်အပြင် မိမိကိုယ်ကိုလည်း ရောဂါပိုး မကူးစက်အောင် စောင့်ရှောက် ကာကွယ်နိုင် ရမည်ဖြစ်သည့်အတွက် ဤသင်တန်းများကို အလေးထား ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များကို အစိုးရနှင့် ပြည်သူပူးပေါင်းဆောင်ရွက်ကြရာတွင် မိမိဆန္ဒအလျောက် ပါ၀င်ပေးကြသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ လက်တွေ့တာ၀န်ထမ်းဆောင်ရာတွင် တွေ့ကြုံ ရမည့်အခက်အခဲများ၊ လိုအပ်ချက်များကို မှတ်သားလေ့လာထားပြီး ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များ  ပိုမိုထိရောက်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက်နိုင်ရေး  ပြန်လည်ဆွေးနွေးပေးကြရန်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် စေတနာ့၀န်ထမ်းဆင့်ပွားသင်တန်းကို နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၄ နာရီခွဲ အထိ ဆွေးနွေးပို့ချခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1_ar

#npw_dec2020

Source:  MOSWRR

Sign Up

Upcoming Events