ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • လက်သန့်ဆေးရည်များ ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၂၀)ရက်နေ့တွင် ရေစကြိုမြို့နယ် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အသုံးပြုနိုင်ရန်အတွက် Hand Sanitizer (500ml)လက်သန့်ဆေးရည်(၁၅၀)ဘူး၊ ရေစကြိုမြို့နယ်မီးသတ်ဦးစီးဌာနသို့ (၂၅)ဘူး၊ရေစကြိုမြို့နယ်ကြက်ခြေနီတပ်ဖွဲ့အသင်းသို့ (၂၅)ဘူးနှင့် ဒီပသရဖူ Quarantine Center သို့ (၅၀)ဘူးတို့အား ထောက်ပံ့ပြီးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2020 Source:             ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၂၀) ရက်နေ့၊ (၂၀း၃၀) နာရီအချိန်၌ ပေါက်မြို့နယ်၊ ငမို့ကြီး ကျေးရွာအုပ်စု၊ ငမို့ကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ ဖိုးထောက်ပံ့ငွေ (၄၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၀)မျိုးပါ (၁)အိမ်ထောင်စာတို့အား (၂၁-၁၂-၂၀၂၀)ရက်နေ့၊ (၁၄း၀၀)နာအချိန်တွင် မီးဘေးသင့် အိမ်ထောင်စုထံသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ လက်ဝယ်ရောက် ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁ -၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၁:၃၀) အချိန်မှ (၁၅:၃၀)အချိန်အထိ ဖောင်းပြင်မြို့နယ်၊ နန်းပန် ကျေးရွာအုပ်စု၊ မယ်ဇလီကျေးရွာ၊ ခုံသာကျေးရွာ၊ နန်းပန်ကျေးရွာနှင့် ဂွေးခါးကျေးရွာ အတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိ လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်‌ဝေခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg … Read more

  • သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ဒေါ်အေး (တဲတိုက်)ရှိ အိမ်ခြေ (၁၀၂) လုံး၊ အိမ်ထောင်စု (၁၀၆) စု၊ လူဦးရေ (၅၁၃) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၂၁- ၁၂-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_dec2020  Source:  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာတွင် (၁၃-၁၂-၂၀၂၀) ရက်နေ့မှ (၁၈-၁၂-၂၀၂၀) ရက်နေ့ထိဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့်ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၂၀) လုံး၊ လူဦးရေ(၈၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂,၀၀၀,၀၀ဝ) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၁၇၈,၅၀ဝ) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂,၁၇၈,၅၀ဝ) ကျပ်တို့ကို (၂၁-၁၂-၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ဘေးဖြစ်ပွားသည့်နေရာသို့ သွားရောက်ကာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီချိန်မှ နေ့လည် (၁၂:၀၀)နာရီအချိန်ထိ ကော့ကရိတ် မြို့နယ်အတွင်းရှိ ဝင်းပုတ်ကျေးရွာ၊ ဖန်းခါးကုန်းကျေးရွာနှင့် ကျွန်းတောကျေးရွာတို့၌ Covid-19 ကူးစက်မြန် အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေး ဆောင်ရွက် ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် Mask များ ဖြန့်ဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar … Read more