
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၂၀) ရက်နေ့၊ (၂၀း၃၀) နာရီအချိန်၌ ပေါက်မြို့နယ်၊ ငမို့ကြီး ကျေးရွာအုပ်စု၊ ငမို့ကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ ဖိုးထောက်ပံ့ငွေ (၄၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၀)မျိုးပါ (၁)အိမ်ထောင်စာတို့အား (၂၁-၁၂-၂၀၂၀)ရက်နေ့၊ (၁၄း၀၀)နာအချိန်တွင် မီးဘေးသင့် အိမ်ထောင်စုထံသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ လက်ဝယ်ရောက် ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#mgy_dec2020