
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီချိန်မှ နေ့လည် (၁၂:၀၀)နာရီအချိန်ထိ ကော့ကရိတ် မြို့နယ်အတွင်းရှိ ဝင်းပုတ်ကျေးရွာ၊ ဖန်းခါးကုန်းကျေးရွာနှင့် ကျွန်းတောကျေးရွာတို့၌ Covid-19 ကူးစက်မြန် အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေး ဆောင်ရွက် ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် Mask များ ဖြန့်ဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#krn_dec2020