ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ကမ်းပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၂၀) ရက်နေ့၌ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ယင်းဆယ် အုပ်စု၊ ယင်းဆယ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-) ကျပ်တို့ကို (၂၃-၁၂-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_dec2020

  • ရမည်းသင်းခရိုင်ဦးစီးမှူးရုံး၊ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူးရုံး၊ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို (၂၃-၁၂-၂၀၂၀) ရက်နေ့တွင် သံဃာ (၅) ပါးအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း၍ အန္တရာယ်ကင်းပရိတ် တရားတော်နာယူပြီးနောက် နံနက် (၉:၀၀) နာရီအချိန်တွင် ရမည်းသင်းမြို့မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၂) ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အခြားသက်ဆိုင်ရာ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #office_dev #mdy_dec2020 Source: ရမည်းသင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေသန့်ဆေးထုပ်များ ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   ကန်ရေသောက်သုံးလျှက်ရှိသော ရေဦးမြို့နယ်၊ မြင်းပေါက်ကျေးရွာအုပ်စု၊ ဝက်ဖိုးကျေးရွာ သို့ ရေသန့်ဆေး (၂၄၀)ထုပ်ပါ (၃)ဖာအား (၂၃-၁၂-၂၀၂၀)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_dec2020 Source:    ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လက်သန့်ဆေးရည်ဘူးများလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ် (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Hand Sanitizer (500 ml)ပါ (၅၀) ဘူးနှင့် မင်းလှမြို့နယ် အပ္ပမာဒလူမှုကူညီရေးအသင်းသို့ Hand Sanitizer (500 ml)ပါ (၅၀) ဘူးတို့အား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #otr #mgy_dec2020

  • Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် လွိုင်လင်မြို့၊ သဘာဝတရားရိပ်သာ(မိဘမဲ့ဂေဟာ)၌ စတီးလက်ဆေးဘေစင်(၃)လုံး၊ Mask(ပိတ်စ)(၁၀၀)ခု၊ (500g)ပါလက်သန့်ဆေးရည်များ၊ (၃၀၀၀)gပါ Sue Sat ဆပ်ပြာမှုန့်ထုပ်များ၊ ကြွေဆေးရည်ဘူးများ၊ (Dettol) ပိုးသတ်ဆေးရည်ဘူးကြီးများ၊ တစ်ခါသုံးလက်အိတ်များ၊ အပူချိန်တိုင်းကိရိယာနှင့် သန့်ရှင်းရေးသုံးပလပ်ရှည်စသည်တို့အား ရိပ်သာတာဝန်ခံဆရာလေးမာလာဝတီထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး Covid-19 အသိပညာပေးဗွီနှိုင်းများကပ်ခြင်း၊ သဘာဝဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec2020

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ဘေးစီမံဝန်ထမ်းများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့နံနက်ပိုင်းတွင် ပါဆန်းကျေးရွာနှင့် တာမကျေးရွာများသို့ သွားရောက်၍ COVID-19 ရောဂါပျံ့နံ့မှုမဖြစ်ပွားစေရေးအတွက် ဟန်းစပီကာဖြင့် အသိပညာပေးပြောခြင်း၊ mask ၊ လက်ကမ်းစာစောင်နှင့် လက်ဆေးဆပ်ပြာများ ပေးဝေခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec2020