Latest News
-
အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၂-၁၂-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီမှစ၍ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာနှင့် နန်မုံကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါအသိပညာပေးခြင်းနှင့် မီးဘေးအသိပညာပေးခြင်းတို့အား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သောက်သုံးရေ ရှားပါးလျှက်ရှိသော ဒေါဖုကျေးရွာအုပ်စု၊ ဒေါဆိုခူကျေးရွာသို့ သောက်သုံးရေ (၂၂၅၀) ဂါလံ သွားရောက် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyn_dec2020
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့နယ်စီမံခန့်ခွဲမှု ကော်မတီသို့ လက်သန့်ဆေးရည်(၂၀၀) ဘူးနှင့် ရေသန့်ဆေးထုပ် (၂၄၀ထုပ်ပါ x ၈ဘူး) တို့အား (၂၂-၁၂-၂၀၂၀) ရက်နေ့ (၁၅:၃၀) အချိန်တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌရုံးခန်းတွင် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_dec2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရွာတုံကျေးရွာ၊ ထနောင်းဝင်းကျေးရွာ၊ ဃောကြီးကျေးရွာ၊ ကျောက္ကာတောင်ရွာနှင့် ကျောက္ကာမြောက်ရွာ များတွင် Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးခြင်းလုပ်ငန်း များဆောင်ရွက်ခြင်း၊ Hand Sanitizer 500ml လက်သန့်ဆေးရည်နှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020
-
လက်သန့်ဆေးရည်ဘူးများထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၂၀) ရက်နေ့တွင် ညောင်ဦးမြို့နယ်အတွင်း Quarantine Center များအဖြစ် ဖွင့်လှစ်ထားရှိသော တိုင်းရင်းမြန်မာဆေးရုံ၊ ယွန်းကောလိပ်၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပုဂံညောင်ဦး)တို့ထံသို့ Hand Sanitizer 500ml လက်သန့်ဆေးရည် (၆၀) ဘူးတို့အား ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #mdy_dec2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေ လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေများရှားပါးလျက်ရှိသော နတ်မောက်မြို့နယ်၊ သမုန်းပင်ကျေးရွာအုပ်စု၊ သမုန်းပင်(အရှေ့)ကျေးရွာရှိ အိမ်ခြေ(၁၁၅)လုံး၊ အိမ်ထောင်စု(၁၁၅)စု၊ လူဦးရေ(၆၂၈)ဦးတို့အတွက် သောက်သုံးရေဂါလံ(၂,၈၀၀)အား (၂၂-၁၂-၂၀၂၀) တွင် သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်၊၊ Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_dec2020









