မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဝါးရုံဆိပ်အေးရွာအနောက်ရပ်ကွက်၊ ရန်အောင်အပိုင်း၊ ကမ်းနားလမ်းတွင် (၆-၁-၂၀၂၁) ရက်နေ့၊ (၁၅:၁၀)နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ပါသဖြင့် နေအိမ်(၂)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၈)ဦးတို့ မီးဘေးသင့်ခဲ့ရာ မီးဘေးသင့်နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀)ကျပ်၊ လူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စုစာတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၈-၁-၂၀၂၁) ရက်နေ့ (၁၂:၀၀)နာရီအချိန်၌ သွားရောက်၍ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_fir
#ygn_jan2021

Sign Up

Upcoming Events