
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ သပြုကျေးရွာအုပ်စု၊ ဧရာဝတီ မြစ်ဆိပ်၌ (၇-၁-၂၀၂၁) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဒီဇယ်ပေပါ (၁၅၀) ခန့်ပါ စက်သုံးဆီသိုလှောင်တွဲ အတွင်း သဲကျောက်မော်တော်များအား ဆီဖြည့်ရန် ခပ်ယူနေစဉ် ဆီပေပါများ ပေါက်ကွဲမှုကြောင့် ဆီလှောင်ကန်အတွင်း ပိတ်မိ၍ မီးလောင်သေဆုံးခဲ့သူ (၁)ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၃၀၀,၀၀ဝ) အား (၈-၁-၂၀၂၁) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ကျန်ရစ်သူမိသားစု လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပြီး ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: ဓနုဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#ayy_jan2021