ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင်(၁၂-၁-၂၀၂၁) ရက်နေ့၊ (၁၀:၃၀)အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀ဝ)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ(၃၁,၅၀ဝ)ကျပ်၊ စုစုပေါင်း (၃၃၁,၅၀ဝ) ကျပ်အား (၁၄-၁-၂၀၂၁) ရက်နေ့၊ (၁၆:၀၀) အချိန်တွင် အောင်ပန်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #mgy_jan2021

  • Hand Sanitizer ဘူးများအား ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနာ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၂၀)ရက်နေ့ (၁၂:၅၀)နာရီအချိန်တွင် Hand Sanitizer များအား ဂန့်ဂေါမြို့၊ မြို့နယ်အဆင့် Covid-19 တိုက်ဖျက်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီအတွက်(၅၀)ဘူး၊ Covid-19 ကာကွယ်ရေးအထောက်အကူပြုလူငယ်အဖွဲ့အတွက် (၁၀)ဘူး၊ မာဃသဟာယ လူမှုအထောက်အကူပြု အဖွဲ့အတွက်(၁၅)ဘူး၊ စုစုပေါင်း(၇၅)ဘူးအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_ar #mgy_jan2021

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲလျှက်ရှိသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ အရှေ့မြောက်ကုန်း(တဲတိုက်)ရှိ အိမ်ခြေ (၁၅၀) လုံး၊ အိမ်ထောင်စု(၁၈၃)စု၊ လူဦးရေ (၇၇၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) အား ( ၁၄- ၁-၂၀၂၁) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံးမှ (ဘစမ) #ha_drg #mgy_jan2021

  • ရာသီအလိုက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်း များဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁-၂၀၂၁)ရက်နေ့တွင် မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ရာသီအလိုက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များကို ပြည်သူများ သိရှိနိုင်စေရန်အတွက် မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအား မော်လမြိုင်ကျွန်းမြို့၊ ကုတင် (၁၀၀)ဆေးရုံရှေ့တွင် လဲလှယ်တပ်ဆင်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jan2021

  • လက်သန့်ဆေးရည်ဘူးများအား ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁-၂၀၂၁) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ကလေးမြို့နယ်၊ သာစည်ကျေးရွာ၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းအတွက် လက်သန့်ဆေးရည်(၃၀)ဘူးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jan2021

  • ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဗီနိုင်းပိုစတာပေးအပ်ခြင်းနှင့် ရေသန့်ဆေးထုပ်များ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၂၁) ရက်နေ့၌ ဘိုကလေးမြို့နယ်၊ ထော်ပိုင်ကျေးရွာအုပ်စု၊ ထော်ပိုင်(ရွှေပြည်အေး) ကျေးရွာနှင့် ကြက်ဖြူချောင်းကျေးရွာများ၌ နှစ်ဆင့်အသုံးပြုရသည့် flooculent နှင့် ကလိုရင်းပါဝင်သော ရေသန့်ဆေးမှုန့် (၁) ဖာ (၂၄၀) ထုပ်အားလည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီနိုင်းပိုစတာအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #otr #ayy_jan2021