မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • မီးဘေးအသိပညာပေးပိုစတာ စိုက်ထူမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၁)ရက်နေ့တွင် ကောလင်းမြို့ရှိ လူသွား၊ လူလာများသည့် အချက်အချာကျသော ရွှေမင်းဝံလမ်းမကြီး၊ လမ်း(၁၀) လမ်းထောင့်၊ မြို့မ-မြို့ကုန်းရပ်ကွက်၌ (၉x၆) ပေ မီးဘေးအသိပညာပေး ပိုစတာ စိုက်ထူခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_jan2021     Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးမြေစိုက်ဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့်အတူ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၁) ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကျွန်းတောလမ်း၊ Cyclone Shelter ရှေ့၌ ပြည်သူများအား မီးဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား သိရှိနိုင်စေရန် မီးဘေးမြေစိုက်ဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_jan2021 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်အတွင်း မိုးလုံလေအားကစားခန်းမရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၅၆)စု၊လူဦးရေ (၂၃၉)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ (၇၄)အိတ် (၁၆)ပြည် (၄)ဘူးအားလည်းကောင်း၊ စျေးတောင်ရပ်ကွက်ဆွေမျိုးများနေအိမ်ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၇၁)စု၊ လူဦးရေ (၃၁၈)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ (၉၉)အိတ် (၉)ပြည်အားလည်းကောင်း၊ စျေးရပ်ကွက်ဆွေမျိုးများနေအိမ်ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၁၁၂)စု၊ လူဦးရေ(၃၀၉)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ၊ (၉၆)အိတ် (၁၃)ပြည် (၄)ဘူးအား တိုက်ပွဲရှောင်ပြည်သူများထံ (၂၁-၁-၂၀၂၁) ရက်နေ့တွင် လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ချင်းပျဉ်းတောဆွေမျိုးများနေအိမ်၊ ကမ်းဒိတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ထမင်းထုပ်ကျေးရွာ၊ ဆူးပုတ်ကျေးရွာ၊ မီးလောင်ချောင်းကျေးရွာနှင့် ကြပ်ကျေးရွာတို့ရှိ … Read more

  • Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၁) ရက်နေ့၌ ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Mask များဝေငှပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_jan2021

  • COVID 19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁ – ၁ -၂၀၂၁) ရက်နေ့၊ နံနက်(၀၈:၀၀) နာရီ အချိန်မှ (၁၈:၀၀) နာရီအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ​​ တောင်ကြီး – လွိုင်လင်(အထွက်) ဂိတ်၌ ယာဉ်လိုင်းများတွင် စီးနှင်းလိုက်ပါသော ခရီးသည်များအား COVID-19 ရောဂါပတ်သက်၍ ကျန်းမာရေး စစ်ဆေးခြင်း၊ ခရီးသွားမှတ်တမ်းကောက်ယူခြင်း၊ Hand-Gel များဖြင့် … Read more

  • မီးဘေးအသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၂၁) ရက်နေ့တွင် မြောက်ဦးမြို့၊ ရန်ကုန်-စစ်တွေလမ်းမကြီး၊ ဦးဥတ္တမပန်းခြံဘေးဘက်၊ လမ်းဆုံထောင့်၌ မီးဘေး အသိပညာပေး ဗီနိုင်းပိုစတာအား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_jan2021 Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)