COVID 19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁ – ၁ -၂၀၂၁) ရက်နေ့၊ နံနက်(၀၈:၀၀) နာရီ အချိန်မှ (၁၈:၀၀) နာရီအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ​​ တောင်ကြီး – လွိုင်လင်(အထွက်) ဂိတ်၌ ယာဉ်လိုင်းများတွင် စီးနှင်းလိုက်ပါသော ခရီးသည်များအား COVID-19 ရောဂါပတ်သက်၍ ကျန်းမာရေး စစ်ဆေးခြင်း၊ ခရီးသွားမှတ်တမ်းကောက်ယူခြင်း၊ Hand-Gel များဖြင့် လက်သန့်စင်စေခြင်းအား ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_jan2021

Source:   လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events