Latest News
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဖြူမြို့နယ်၊ (ခ)ရပ်ကွက်၌၊ (၁၁-၁-၂၀၂၁)ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီး အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုး (၁၀၀၀၀ဝ/-) ကျပ်၊ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၂၁၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၂,၁၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁)စုစာတို့အား (၂၅-၁-၂၀၂၁)ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့် ပြည်သူများ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၂၁) ရက်နေ့တွင် ချောက်မြို့နယ်(ကံတောက်ကျောင်း၊ တုံရွာ၊ ထိန်းစမ်း၊ ဂွေးပင်ကြီး)ကျေးရွာတို့တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_jan2021
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထား၀ယ်မြို့နယ်၊ သဗျာကျေးရွာ၊ ရွာလယ်လမ်း၌(၂၃-၁-၂၀၂၁)ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီး အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၃)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁)စုစာတို့အား (၂၅-၁-၂၀၂၁)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အတူ ဘေးသင့် ပြည်သူများ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_jan2021 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Hygiene Kit-E များအား လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပညာရေးဒီဂရီကောလိပ်၌ဖွင့်လှစ်ထားရှိသော Quarantine center သို့လည်းကောင်း၊ ခေမာသီရိသီလရှင်စာသင်ကျောင်းတိုက်သို့လည်းကောင်း၊ သီရိစန္ဓာရုံသီလရှင်စာသင်ကျောင်းတိုက်သို့လည်းကောင်း၊ မြင်းကင်းကျေးရွာသို့လည်းကောင်း၊ ပစ္စည်း(၅)မျိုးပါ Hygiene Kit-E (၁၀၀)ပုံးအား (၂၅-၁-၂၀၂၁) ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_ar #mgy_jan2021
-
COVID – 19 ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် Hygiene kits နှင့် Hand sanitizer များ ဖြန့်ဝေမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် COVID – 19 ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့ရှိ သုခိသာရုံသီလရှင်ကျောင်း၊ စိန်ဂျိုးဇက်သီလရှင်ကျောင်း၊ စိန်ထရေးဇားသီလရှင်ကျောင်း၊ ဇိအုန်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ အမေ့အိမ်မိဘမဲ့ကလေးများဂေဟာများ၌ နေရာ(၁)ခုလျှင် (၁)ဖာလျှင် ပစ္စည်း(၅)မျိုး(ပလတ်စတစ်ရေခွက်၊ ဆပ်ပြာမှုန့်၊ ကာဘော်လိပ်ဆပ်ပြာ၊ အမျိုးသမီးလစဉ်သုံး၊ အမျိုးသမီးအတွင်းခံဘောင်ဘီ) ပါ၀င်သော Hygiene kits (၁၀) ဖာစီနှင့် (၁)ဖာလျှင် (၃၆)ဘူးပါ၀င်သော Hand sanitizer (၂)ဖာစီကိုလည်းကောင်း၊ စိန်ဂျိုးဇက်ဘုရားကျောင်း၊ ဇိအုန် ဘုရားကျောင်း၊ … Read more
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၂၁) ရက်နေ့၌ ထားဝယ်မြို့နယ် ပခပ်ကျေးရွာနှင့် ရာမ္မဇူကျေးရွာ တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီ အလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာ ပေးခြင်း၊ Mask များဝေငှပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jan2021 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









