COVID – 19 ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် Hygiene kits နှင့် Hand sanitizer များ ဖြန့်ဝေမှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် COVID – 19 ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့ရှိ သုခိသာရုံသီလရှင်ကျောင်း၊ စိန်ဂျိုးဇက်သီလရှင်ကျောင်း၊ စိန်ထရေးဇားသီလရှင်ကျောင်း၊ ဇိအုန်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ အမေ့အိမ်မိဘမဲ့ကလေးများဂေဟာများ၌ နေရာ(၁)ခုလျှင် (၁)ဖာလျှင် ပစ္စည်း(၅)မျိုး(ပလတ်စတစ်ရေခွက်၊ ဆပ်ပြာမှုန့်၊ ကာဘော်လိပ်ဆပ်ပြာ၊ အမျိုးသမီးလစဉ်သုံး၊ အမျိုးသမီးအတွင်းခံဘောင်ဘီ) ပါ၀င်သော Hygiene kits (၁‌၀) ဖာစီနှင့် (၁)ဖာလျှင် (၃၆)ဘူးပါ၀င်သော Hand sanitizer (၂)ဖာစီကိုလည်းကောင်း၊ စိန်ဂျိုးဇက်ဘုရားကျောင်း၊ ဇိအုန် ဘုရားကျောင်း၊ အဂ္ဂဗေဘုရားကျောင်း၊ မိဿဟာရဘုရားကျောင်းတို့တွင် (၁)ဖာလျှင် (၃၆)ဘူးစီပါ၀င်သော Hand sanitizer (၂)ဖာစီကိုလည်းကောင်း၊ ဟားခါး – ဂန့်ဂေါလမ်း၊ ဟားခါး – မတူပီလမ်းရှိ COVID-19 စစ်ဆေးရေးဂိတ်တ်တို့တွင် (၁)ဖာလျှင် (၃၆)ဘူးစီပါ၀င်သော Hand sanitizer (၂)ဖာစီတို့ကိုလည်းကောင်း (၂၅-၁-၂၀၂၁)ရက်နေ့တွင် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#chn_jan2021

Source:     ချင်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events