လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထား၀ယ်မြို့နယ်၊ သဗျာကျေးရွာ၊ ရွာလယ်လမ်း၌(၂၃-၁-၂၀၂၁)ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီး အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၃)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁)စုစာတို့အား (၂၅-၁-၂၀၂၁)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အတူ ဘေးသင့် ပြည်သူများ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#tny_jan2021
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)