Latest News
-
Hygiene Kit-E များ ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၂၁) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ကောလင်းမြို့၊ COVID-19 ကယ်ဆယ်ရေးအသင်းထံ Hygiene Kit-E များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #sgg_jan2021 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၂၁) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ထီးဒူးလယ်ကျေးရွာ၊ ထီးလျားကျေးရွာ၊ ဘီဆိုကျေးရွာ၊ လျားဒူးကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_jan2021 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၂၁) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာအုပ်စုတွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေ ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #mon_jan2021 Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းထိန်းနံရံဆောက်လုပ်ရန်ကွင်းဆင်းလေ့လာစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ၊ လက်ပံခုံကျေးရွာအုပ်စု၊ ဘူးခုံကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားကာ ကမ်းပါးများပြိုကျလာမှုကြောင့် ကမ်းထိန်းနံရံ ဆောက်လုပ် ရန် ကျေးရွာမှတင်ပြလာမှုအား (၂၂-၁-၂၀၂၁) ရက်နေ့၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၁) ဦးအေးဝင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ကွင်းဆင်းလေ့လာကြည့်ရှူ့ခဲ့ပါကြောင်း သတင်း ပေးပို့အပ်ပါသည်။ #ha_rbe #bgo_jan2021 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လားရှိုးမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် အမျိုးသမီးများသင်တန်းအတွက် အမေရိကန်အစိုးရက လှူဒါန်းသော အထောက်အကူပြုပစ္စည်းများ လက်ခံရရှိ
~~~~~~~~~ Source: MOSWRR ~~~~~~~~~ ဇန်နဝါရီ ၂၂ ၊ နေပြည်တော် ~~~~~~~~~ လားရှိုးမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင်ဖွင့်လှစ်မည့် အမျိုးသမီးများပြန်လည်ထူထောင်ရေးသင်တန်းအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာအမေရိကန်နိုင်ငံသံအမတ်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း၌ အဆိုပါဝန်ကြီးဌာနတွင် Virtual Meeting ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအနေဖြင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)နှင့် ပြန်လည်ထူထောင်ရေးစခန်း(ဖယ်ခုံ)တို့အတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများနှင့် ဆေးခန်းသုံးပစ္စည်းများကို … Read more
-
မီးဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တန့်ဆည်မြို့ နယ်၊ ကံထူးမအုပ်စု၊ အင်ရေအိုးကျေးရွာအနီးတွင် (၂၁-၁-၂၀၂၁) ရက်နေ့တွင် ကားတစ်စီး နှင့်တစ်စီး ဆီဘောက်ဆာအချင်းချင်း ဒီဇယ်ဆီခွဲထည့်စဥ် ဆီပိုက်ပြုတ်ထွက်ပြီး မြေပြင် ပေါ်သို့ ဆီများကျဆင်းသဖြင့် အပူချိန်ဖိအားကြောင့် မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ပွားခဲ့ ပြီး မီးဘေးကြောင့် ဒဏ်ရာရရှိခဲ့သည့် လူဦးရေ (၂) ဦးအတွက် (၁) ဦးလျှင် (၅၀,၀၀ဝ/-) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံငွေ (၁၀၀,၀၀ဝ/-) ကျပ်အား (၂၂-၁-၂၀၂၁) ရက်နေ့၊ (၁၄:ဝဝ)နာရီအချိန်တွင် … Read more









