Latest News
-
သောက်သုံးရေ လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၂၁) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးလျက်ရှိသော ဒေါဖုကျေးရွာအုပ်စု၊ ဒေါပဲ့(စော်ဘွား)ကျေးရွာသို့ သောက်သုံးရေ (၂၂၅၀) ဂါလန် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_jan2021 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ သကန်တောင်ပုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ (၄၂×၂၄) ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်း ခြေတံရှည်ပင်မ ကျောင်းဆောင်အောက်ရှိ ဝေယျာဝစ္စထည့်ထားသော သေတ္တာပုံးအတွင်း၌ ပျားအုံဝင် ရောက်ပြုလုပ်နေပါသဖြင့် ကျောင်းထိုင်ဆရာတော်မှ အုန်းခွံမီးရှို့၍ ပျားများထွက်ပြေးစေ ရန်ထားရှိရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ရာ ဘုန်းကြီးကျောင်းတစ်ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ မီးဘေးသင့် သံဃာတော် (၁) ပါးအတွက် သင်္ကန်းဖိုးထောက်ပံ့ငွေ (၃၅,၀၀၀/-) … Read more
-
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ညှိနှိုင်းဆွေးနွေး
~~~~~~ Source: MOSWRR ~~~~~~ ဇန်နဝါရီ ၂၃ ၊ နေပြည်တော် ~~~~~~ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang Hwa နှင့် ယမန်နေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးအတွက် Video Conferencing စနစ်ဖြင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံညှိနှိုင်းဆွေးနွေးရာတွင် ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more
-
သောက်သုံးရေ လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃- ၁-၂၀၂၁) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် သရက်မြို့နယ်၊ တောရကျောင်းဘုရားကုန်းရပ်ရှိ ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေဂါလန် (၃၂၀၀) အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jan2021 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် တိုင်းရင်းသားရေးရာဝန်ကြီး၊ ထား၀ယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနတို့မှ တာ၀န်ရှိသူများနှင့်အတူ (၂၂-၁-၂၀၂၁) ရက်နေ့ (၁၀:၃၀) အချိန်တွင် ဆန်ရိက္ခာအခက်အခဲကြုံတွေ့နေရသော ထား၀ယ်မြို့နယ်၊ အမြှားကျေးရွာအုပ်စုရှိ အင်း တပုံ၊ မင်းငို့၊ ထောမင်းဖြိုးနှင့် ထောမကျေးရွာရှိအိမ်ထောင်စု (၁၃၄) စု၊ လူဦးရေ (၇၁၀) ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၆၃.၉) သိန်းတန်ဖိုးရှိ ဆန်ရိက္ခာ (၁) လစာ အိတ်ပေါင်း (၇၁၀) … Read more
-
COVID-19 အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၂၁) ရက်နေ့၌ ထားဝယ်မြို့နယ် ပကာရီကျေးရွာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင် ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Maskများဝေငှပေးခြင်းနှင့် သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်ဝေငှခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #tny_jan2021 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









