ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၁) ရက်နေ့တွင် ချောက်မြို့နယ်၊ (ထိန်ကန်၊ ကြို့ပင်၊ တွင်းလပ်၊ ကုန်းကြီး) ကျေးရွာတို့တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_jan2021

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၁) ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ပေပင်တိုက်ကျေးရွာအုပ်စု၊ ချောင်းဦးတိုကျေးရွာရှိ အိမ်ခြေ (၉၇) အိမ်၊ လူဦးရေ (၄၉၉) ဦးတို့အတွက် သောက်သုံးရေ ဂါလံ(၃၆၀၀) အား ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jan2021 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် Hand Sanitizer များ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၂၁) ရက်နေ့တွင် ကနီမြို့နယ်အတွင်း Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ကနီမြို့နယ်သရက်ပင်တိုက်နယ်ဆေးရုံသို့ Hand Sanitizer (၂၀)ဘူးနှင့် အိုင်တောင်ကျေးရွာ Quarantine Center သို့ Hand Sanitizer (၅)ဘူးတို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #sgg_jan2021 Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၂၁) ရက်နေ့၊ (၁၂:၃၀)အချိန်မှ (၁၆:၀၀)အချိန်ထိ အိုင်တောင်ကျေးရွာအုပ်စုအတွင်းရှိ အိုင်တောင်(တ)ကျေးရွာ၊ အိုင်တောင်(မ)ကျေးရွာ၊ မင်းအိုကျေးရွာနှင့် အိုင်သာကျေးရွာတို့၌ COVID-19 ရောဂါကာကွယ်ရေးအတွက် တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး / သတိပေးပြောကြားရမည့်အချက် (version 04) အား အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပညာပေးခြင်း လုပ်ငန်းများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲတာဝန်ခံများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jan2021 Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သိုလှောင်ရုံဆောက်လုပ်မည့်နေရာအားမြေသန့်မင်္ဂလာ ပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရံပုံငွေဖြင့် ဆောက်လုပ်မည့် ရွှေဘိုခရိုင်ဦးစီးမှူးရုံး သိုလှောင်ရုံ (၆၀ x ၄၀ x ၁၄) ပေ RCC (၁) ထပ်ဆောက်လုပ်မည့် မြေနေရာ၌ သံဃာတော်(၅)ပါးဖြင့် မြေသန့်မင်္ဂလာ ကမ္မဝါရွတ်ဖတ်မှုအား (၂၃-၁-၂၀၂၁) နေ့ မွန်းလွှဲပိုင်း (၁၅:၀၀) အချိန်တွင် တင်ဒါအောင်မြင်သော ကုမ္ပဏီနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #warehouse #sgg_jan2021 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကွင်းဆင်းတိုင်းတာစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၁) ရက်နေ့တွင် ခင်ဦးမြို့နယ်ဦးစီးမှူးရုံးမြေနေရာအား ခင်ဦးမြို့နယ်၊ မကျီးတုံကျေး ရွာအုပ်စု၊ ကွင်းအမှတ်(၂၅၀၅) (ကြိုးကြာကန်ကွင်း)၊ မြေကွက်အမှတ် (../၉၅၃)၊ ဧရိယာ (ဝ.၇၀) ဧကရှိမြေနေရာကို မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း တိုင်းတာခြင်း၊ ယာယီအမှတ်အသားတိုင်များ စိုက်ထူထားခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါကြောင်းသတင်းရရှိပါသည်။ #office_dev #sgg_jan2021 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)