Latest News
-
COVID – 19 ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် Hygiene kits နှင့် Hand sanitizer များ ဖြန့်ဝေမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် COVID – 19 ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့ရှိ သုခိသာရုံသီလရှင်ကျောင်း၊ စိန်ဂျိုးဇက်သီလရှင်ကျောင်း၊ စိန်ထရေးဇားသီလရှင်ကျောင်း၊ ဇိအုန်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ အမေ့အိမ်မိဘမဲ့ကလေးများဂေဟာများ၌ နေရာ(၁)ခုလျှင် (၁)ဖာလျှင် ပစ္စည်း(၅)မျိုး(ပလတ်စတစ်ရေခွက်၊ ဆပ်ပြာမှုန့်၊ ကာဘော်လိပ်ဆပ်ပြာ၊ အမျိုးသမီးလစဉ်သုံး၊ အမျိုးသမီးအတွင်းခံဘောင်ဘီ) ပါ၀င်သော Hygiene kits (၁၀) ဖာစီနှင့် (၁)ဖာလျှင် (၃၆)ဘူးပါ၀င်သော Hand sanitizer (၂)ဖာစီကိုလည်းကောင်း၊ စိန်ဂျိုးဇက်ဘုရားကျောင်း၊ ဇိအုန် ဘုရားကျောင်း၊ … Read more
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၂၁) ရက်နေ့၌ ထားဝယ်မြို့နယ် ပခပ်ကျေးရွာနှင့် ရာမ္မဇူကျေးရွာ တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီ အလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာ ပေးခြင်း၊ Mask များဝေငှပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jan2021 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၅-၁-၂၀၂၁) ရက်နေ့၌ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲ-ဂန့်ဂေါ ကားလမ်းဘေး၊ ပုလဲ-ကျား တက်လမ်းဆုံတွင် လေပြင်းဘေးအသိပညာပေး ဆိုင်းဘုတ်စိုက်ထူခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jan2021 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ လုံးဝပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ မီးဘေးသင့် လူဦးရေ (၄)ဦးအတွက် (၇)ရက်စာဆန်ဖိုးငွေ (၈,၄၀၀/-)ကျပ်၊ မီးလောင်ဒဏ်ရာရရှိသူ(၃)ဦးအတွက် ထောက်ပံ့ငွေ (၁၅၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၅၈,၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)ပုံးတို့အား (၂၅-၁-၂၀၂၁)ရက်နေ့၊ (၁၆:၀၀)နာရီအချိန်တွင် မြိတ်မြို့ပြည်သူ့ဆေးရုံးကြီးသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_jan2021 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၂၁) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ထီးဖိုးကလိုးကျေးရွာအုပ်စု၊ ထီးဖိုးကလိုးကျေးရွာ၊ ထီးသဲကလိုးကျေးရွာ၊ ဒေါခူလီကျေးရွာ၊ ဒေါတဒါးကျေးရွာနှင့် ဒေါဘျာကူးကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါပြန့်ပွားမှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_jan2021 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၁-၂၀၂၁) ရက်နေ့၊ နံနက်(၁၁:၀၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ (ရွာတော်(တောင်+မြောက်)၊ ရွာသစ်၊ ကြံဖိုစု၊ ချောင်းစောက်၊ စက်ကုန်း) ကျေးရွာများ အတွင်းရှိပြည်သူများအား အသိပညာပေးခြင်း၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့်ဆေးရည်များအား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #npw_jan2021









