အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၀၈/၂၀၂၁)

(၂၀၂၁ ခုနှစ်၊ မေလ(၂၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

=========================================

(က) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)

“ယာစ်(YAAS)” အခြေအနေ

—————————————————————–

(၁) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလား ပင်လယ်အော်အရှေ့ အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောအားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “ယာစ် (YAAS)”သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားလာခဲ့ပြီး၊  မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း (Coco-Island)မြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၃၆၀)မိုင်ခန့်၊ ပုသိမ်(Pathein)မြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၃၆၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်(Paradip)မြို့၏ တောင်-အရှေ့ တောင်ဘက် ရေမိုင်(၁၈၀)မိုင်ခန့်နှင့် ဒီဂါ(Digha)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၂၂၅)မိုင်ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂) အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)“ယာစ်(YAAS)”၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)

“ယာစ်(YAAS)”၏တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း

——————————————————————

အဆိုပါအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)“ယာစ်(YAAS)”သည် မြန်မာ စံတော်ချိန် (၁၀:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၈.၀)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၆) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၈၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၆၅)မိုင်နှုန်းဖြစ်ပါသည်။

(ဂ) နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

—————————————–

အဆိုပါအားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)“ယာစ်(YAAS)”သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာကာနောက်(၁၂)နာရီအတွင်း အားအလွန်ကောင်း သောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “ယာစ်(YAAS)”အဖြစ်သို့ရောက်ရှိနိုင်ပြီး၊ နောက် (၄၈)နာရီအတွင်းဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းသို့ ရောက်ရှိကာ၊ အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်မြောက်ပိုင်းကမ်းခြေနှင့် အနောက်ဘင်္ဂလားပြည်နယ်တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ) သတိပေးနှိုးဆော်ချက်

—————————

(၁) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “ယာစ်(YAAS)”၏အရှိန်ကြောင့် ယနေ့နံနက်မှ  နောက်(၄၈)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ 

(၂) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ(၁၃)ပေမှ (၁၇)ပေခန့်ရှိနိုင်ပါသည်။

(၃) မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီ လျှင် (၃၅)မိုင်မှ မိုင် (၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ (၉)ပေမှ (၁၃)ပေခန့်ရှိ နိုင်ပါသည်။

 

(င) အကြံပြုချက်

——————-

အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “ယာစ်(YAAS)”၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများ အနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

 

Sign Up

Upcoming Events