လေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ နတ်သျှင်နောင်ရပ်ကွက်တွင် (၈-၅-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ် (၁၃) လုံးနှင့် အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၅၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၁၀၀၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၂၆၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၄၆၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၆၄၆၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁၃) အိမ်ထောင်စာတို့အား (၂၄-၅-၂၀၂၁) ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#bgo_may2021

Source:  တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events