Latest News
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၂၁) ရက်နေ့၊ (၁၇:၀၅)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးခဲ့သည့် အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၁၁၀၀၀/-) ကျပ်အား (၃၁-၅-၂၀၂၁) ရက်နေ့ (၁၃:၀၀)အချိန်တွင် ဝက်လက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ဘေးသင့် ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_may2021 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၁) ရက်နေ့တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၌ လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ(၅၀၀၀ဝ/-)ကျပ်၊ စုစုပေါင်းလူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၆၀၅၀ဝိ/-)အား (၃၁-၅-၂၀၂၁) ရက်နေ့ (၁၂:၃၀)နာရီ အချိန် တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_may2021
-
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ခြင်းနှင့် ဝန်ကြီးဌာနလက်အောက်ရှိ သင်တန်းကျောင်းများ၊ စခန်းများအားလှည့်လည်ကြည့်ရှုစစ်ဆေး
မန္တလေး ၂၉-၅-၂၀၂၁ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများ၊ မသန်စွမ်းသူများနှင့် အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ ခြင်းအခမ်းအနားကို (၂၉-၅-၂၀၂၁) ရက်နေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ ဦးမောင်ကို၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ မန္တလေးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဝင်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အသက်(၈၅) နှစ်အထက်ဘိုးဘွားများနှင့် မသန်စွမ်းပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၅-၂၀၂၁) ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ မင်းလယ်ကျေးရွာအုပ်စု၊ မင်းလယ်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ကိုင်းကျိုးကျ၍ ပြိုလဲပျက်စီးခဲ့သော လေဘေးသင့်အိမ်ထောင်စု(၁)စုမှ လူ(၆)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂,၆၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂,၆၀ဝ/-)ကျပ်အား (၂၈-၅-၂၀၂၀)နေ့ (၁၅:၀၀) နာရီအချိန်ခန့်တွင် လေဘေးသင့်ပြည်သူ များထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_may2021 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မုန်တိုင်းအသိပညာပေး ဗီနိုင်းပိုစတာ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၁) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်၊ မြို့ပတ်လမ်း အ.ထ.က(၁) ကျောင်းရှေ့၌ စိုက်ထူထားသော မီးဘေးအသိပညာပေး ဗီနိုင်းပိုစတာနေရာတွင် မုန်တိုင်းဘေးအသိပညာပေး ဗီနိုင်းပိုစတာအား ပြောင်းလဲစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_may2021 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးအသိပညာပေးဗီနိုင်းပိုစတာအား ပြောင်းလဲစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၈-၅-၂၀၂၁) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ၊ ဘောလုံးကွင်းရှေ့၊ စျေးအနီးတွင် ယခင်စိုက်ထူထားသော မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအစား ရေဘေးဗီနိုင်းပိုစတာအားပြောင်းလဲစိုက်ထူပြီးကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mon_may2021









