လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၅-၂၀၂၁) ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ မင်းလယ်ကျေးရွာအုပ်စု၊ မင်းလယ်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ကိုင်းကျိုးကျ၍ ပြိုလဲပျက်စီးခဲ့သော လေဘေးသင့်အိမ်ထောင်စု(၁)စုမှ လူ(၆)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂,၆၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂,၆၀ဝ/-)ကျပ်အား (၂၈-၅-၂၀၂၀)နေ့ (၁၅:၀၀) နာရီအချိန်ခန့်တွင် လေဘေးသင့်ပြည်သူ များထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_may2021
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)