Latest News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၂၁) ရက်နေ့တွင် ယင်းမာပင်မြို့နယ်၊ ညောင်ပင်ကြီးစုအရှေ့ကျေးရွာ၊ ညောင်ပင်ကြီးစုမြောက်ကျေးရွာ၊ ငါ့မောင်းကျေးရွာ၊ မကျီးမင်စုကျေးရွာ၊ မင်းကန်ကြီးကျေးရွာ၊ မင်းကန်တိုက်ကျေးရွာ၊ သီးကုန်းကျေးရွာ၊ ပေပင်စုကျေးရွာ၊ ဈေးစုကျေးရွာများတွင် COVID-19 ရောဂါနှင့်ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်းများ သဘာဝဘေးနှင့်ပတ်သက်၍ မီးဘေး၊ ငလျင်ဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jan2021
-
ရန်ကုန်တိုင်းဒေသကြီး ပြည်သူလူထုအခြေပြု COVID–19 ကာကွယ်၊ ထိန်းချုပ်ရေး ရပ်ရွာ စေတနာ့ဝန်ထမ်းသင်တန်းတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဆွေးနွေးပြောကြား
~~~~~~~ Source: MOSWRR ~~~~~~~ ဇန်နဝါရီလ၊ ၂၆၊ နေပြည်တော် ~~~~~~~ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုအခြေပြု COVID–19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည့် ရပ်ရွာစေတနာ့ဝန်ထမ်း (Community COVID Volunteer–CCV) များအား လေ့ကျင့်မွေးထုတ်အကောင်အထည်ဖော်ရေးအသိပညာပေးအွန်လိုင်းသင်တန်းကို ယနေ့နံနက်ပိုင်း၌ကျင်းပရာ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အတွင်းရေးမှူး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အွန်လိုင်းစနစ်ဖြင့် တက်ရောက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မိမိတို့နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လက စ၍ COVID-19 ဒုတိယလှိုင်းစတင်ဖြစ်ပွားခဲ့ရာ ပြည်သူများပါဝင်မှုနှင့် ကြံ့ကြံ့ခံပြီး … Read more
-
Covid-19 ရောဂါ၊ သဘာဝဘေးနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၂၁) ရက်နေ့၌ ပုလော မြို့နယ်၊ ပြည်ခြားကျေးရွာအုပ်စု၊ပြည်ခြားကျေးရွာ၊ မင်းကကြဲကျေးရွာ၊ ဝါးကုန်းကျေးရွာ၊ ကျောက်မှော် ကျေးရွာ၊ ကထောင်းနီကျေးရွာ၊နန်းတောင်ကျေးရွာ၊ မျှစ်ချဉ်စုကျေးရွာ တို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် များအား အသိပညာပေးခြင်း၊ ဗွီနိုင်းနှင့်လက်ကမ်းစာစောင်များ ဝေငှခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။ … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ချောင်းဆင်း (တဲတိုက်)ရှိ အိမ်ခြေ (၁၀၁) လုံး၊ အိမ်ထောင်စု (၁၀၇) စု၊ လူဦးရေ (၅၀၃) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၂၆- ၁-၂၀၂၁) ရက်နေ့ ( ၁၁ : ၃၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ #ha_drg #mgy_jan2021 Source: … Read more
-
ထိခိုက်သေဆုံးသူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော KNU အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ကျောက်ကြီးမြို့၊ တောင်ငူတန်းရပ်ကွက်နေသူ (၂) ဦးအား (၁) ဦးလျှင် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၆၀၀,၀၀၀) ကျပ်အား ၎င်းတို့မိသားစုဝင်များထံသို့ (၂၆-၁-၂၀၂၁) ရက်နေ့ (၁၁:၀၀) အချိန်တွင် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #bgo_jan2021
-
သောက်သုံးရေ လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၂၁) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးလျှက်ရှိသော ဒေါဖုကျေးရွာအုပ်စု၊ ဒေါဆိုခူကျေးရွာသို့ သောက်သုံးရေ (၂,၂၅၀) ဂါလံ သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_jan2021









