Latest News
-
လေဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရှမ်းချောင်းကျေးရွာအုပ်စု တွင် (၂၆-၅-၂၀၂၁) ရက်နေ့ (၀၅:၃၀)နာရီအချိန်၌ လေဘေးဖြစ်ပွားခဲ့ရာ နေအိမ်(၁)လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦး လေဘေးသင့်ခဲ့ပါသဖြင့် လေဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝ) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃ဝဝ) ကျပ်တို့အား (၂၈-၅-၂၀၂၁) ရက်နေ့တွင် ဘေးသင့်ပြည်သူ့ထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_sgw #ygn_may2021
-
တန့်ဆည်မြို့နယ်၊ ချောင်းဆုံ (တ) ကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တန့်ဆည်မြို့နယ်၊ ချောင်းဆုံ (တ) ကျေးရွာ၌ (၂၆-၅-၂၀၂၁) ရက်နေ့၊ (၀၀:၄၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးနှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀/-) ကျပ်တို့အား (၂၇-၅-၂၀၂၁) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် ဘေးသင့်ဒေသသို့ … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃)အုပ်စု (သောင်ဘုတ်၊ ပန်းတောကြီး၊ ဝါးရုံချောင်း)၊ ကျေးရွာခွဲ(၃)ရွာတို့တွင် (၂၄-၅-၂၀၂၁) ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀ဝ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၆၅၀၀ဝ/-)ကျပ်၊ မဲဇလီအုပ်စု၊ မဲဇလီကျေးရွာတွင် (၂၆-၅-၂၀၂၁) နေ့ဖြစ်ပွားသော လေဘေးကြောင့် တစ်စိတ် တစ်ပိုင်းပျက်စီးအိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀၀ဝ/-)ကျပ်၊လူဦးရေ(၂၇)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ငွေ (၅၆၇၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၉၁၇၀ဝ/-)ကျပ်နှင့် … Read more
-
တောင်ငူမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ငူမြို့နယ်၊ မဟင်ကျေးရွာအုပ်စု၊ အင်ဒိုင်းကျေးရွာအုပ်စု၊ ချောင်းဖြူကျေးရွာအုပ်စု၊ ကေတုမတီမြို့၊ တပင်ရွှေထီး ရပ်ကွက်နှင့် သဝန်ငယ်ရပ်ကွက်တို့၌ (၈/၉-၅-၂၀၂၁) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ် (၁၀) လုံး၊ အမိုးလန် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၄၇) လုံးနှင့် ဘာသာရေးကျောင်း (၁) ကျောင်းတို့အတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃,၂၅၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၂၂၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၆၄,၁၀၀/-) ကျပ်၊ … Read more
-
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၅/၂၀၂၁)
(၂၀၂၁ ခုနှစ်၊ မေလ (၂၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ====================================== (က) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “ယာစ် (YAAS)” အခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Very Severe Cyclonic Storm)“ယာစ် (YAAS)”သည် အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်း ကမ်းခြေကို ဘလာဆော(Balasore)မြို့တောင်ပိုင်းအနီးမှ ဖြတ်ကျော်ခဲ့ပြီး၊ အနောက် မြောက်ဘက်သို့ရွေ့လျားကာ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားလျော့ သွားခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသည် အနောက် မြောက်ဘက်သို့ … Read more
-
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၄/၂၀၂၁)
(၂၀၂၁ ခုနှစ်၊ မေလ (၂၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ================================== (က) အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “ယာစ် (YAAS)” အခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Very Severe Cyclonic Storm) “ယာစ် (YAAS)”သည် အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်းကမ်းခြေကို ဘလာဆော (Balasore)မြို့တောင်ပိုင်းအနီးမှ ဖြတ်ကျော်လျက်ရှိပါသည်။ (ခ) အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း( Very Severe Cyclonic Storm) “ယာစ် (YAAS)”၏ တည်နေရာ၊ … Read more









