Latest News
-
လေးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာတွင် (၁၈-၆-၂၀၂၁) ရက်နေ့တွင် လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော အိမ်ခြေ(၁)လုံး ပျက်စီးမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀,၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၄,၂၀၀) ကျပ်တိုးအား (၂၂-၆- ၂၀၂၁) ရက်နေ့ (၁၅:၀၀) နာရီ အချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_jun2021
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၂၁)ရက်နေ့ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ညောင်းကုန်းချောင်းဖျား ကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာ၊ အုန်းပင်ကျေးရွာ၊ အကယ်ရိုးကျေးရွာ၊ သဲကုန်းကျေးရွာတို့တွင် (၂၀.၆.၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၆)လုံး၊ တစ်စိတ်တစ်ပိုင်းနေအိမ် (၁၈)လုံး အိမ်ထောင်စု (၂၄)စုမှ လူဦး ရေ (၁၁၈) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၈၇၅၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာရန်ပုံငွေ (၂၄၇၈၀၀/-)ကျပ်၊ ဒဏ်ရာရ (၁)ဦး အတွက် (၅၀၀၀ဝ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၇၂၈၀၀/-)ကျပ်နှင့် … Read more
-
ဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ တာကြီးတန်းလမ်းတွင် (၁၉-၆-၂၀၂၁) ရက်နေ့၌ မိုးရွာသွန်းမှုကြောင့် မြေပွပြီးသစ်ပင်လဲကျမှုဖြစ်ပွားခဲ့ရာ တစ်စိတ်တစ်ပိုင်းပျက်စီး ခဲ့သော အိမ်ခြေ(၁)လုံး ပျက်စီးမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၈၀,၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ(၈,၄၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၈၈,၄၀၀) ကျပ်အား (၂၂-၆-၂၀၂၁) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_jun2021
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ တုံးလှဲချောင်း ကျေးရွာအုပ်စု၊ ဘုရားချောင်းကျေးရွာ တွင် (၂၀.၆.၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်း ရန်ပုံငွေ (၇၀၀၀၀/-)၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၂)ဦးတို့အတွက် ဆန်ရိက္ခာရန်ပုံငွေ (၄၂၀၀/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၇၄၂၀၀/-)ကျပ်အား (၂၁.၆.၂၀၂၁)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ သပြုရေလယ်ကျွန်းကျေးရွာအုပ်စု၊ ရွှေဒင်္ဂါးကျွန်းကျေးရွာ၌ (၁၈-၆-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၅၀) လုံး၊ အိမ်ထောင်စု (၅၀) စုမှ လူဦးရေ (၂၂၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာရန်ပုံငွေ (၄၆၈,၃၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅,၄၆၈,၃၀၀/-) ကျပ်တို့အား (၂၂-၆-၂၀၂၁) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း မွှေးစံ အစုကြီးကျေးရွာ အုပ်စု၊ အစုကြီးကျေးရွာ တို့တွင် (၂၁.၆.၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး နေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၃)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာရန်ပုံငွေ (၆၃၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၆၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)ပုံးတို့အား (၂၂.၆.၂၀၂၁)ရက်နေ့၊ (၁၂:၃၀)နာရီ အချိန်တွင် ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် သွားရောက် … Read more









