လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ တုံးလှဲချောင်း ကျေးရွာအုပ်စု၊ ဘုရားချောင်းကျေးရွာ တွင် (၂၀.၆.၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်း ရန်ပုံငွေ (၇၀၀၀၀/-)၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၂)ဦးတို့အတွက် ဆန်ရိက္ခာရန်ပုံငွေ (၄၂၀၀/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၇၄၂၀၀/-)ကျပ်အား (၂၁.၆.၂၀၂၁)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_jun2021
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)