ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာတွင် (၁၈-၆-၂၀၂၁) ရက်နေ့တွင် လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော အိမ်ခြေ(၁)လုံး ပျက်စီးမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀,၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၄,၂၀၀) ကျပ်တိုးအား (၂၂-၆- ၂၀၂၁) ရက်နေ့ (၁၅:၀၀) နာရီ အချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_jun2021