Latest News
-
မြဝတီမြို့ရှိ ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဃ်န်းညီနောင်အခြေချ စစ်ဗျူဟာ၊ ရှေ့တန်းအမှတ် (၂၇၅) တပ်ရင်းနှင့် နယ်ခြားစောင့် တပ်ရင်းအမှတ် (၁၀၁၇) တို့မှ ပူးပေါင်း၍ (၂၆-၇-၂၀၂၁) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ သောင်ရင်းမြစ်ရေ လျှံတက် ပြီး အနိမ့်ပိုင်းနေရာများသို့ရေကြီးမှု ဖြစ်ပွားခဲ့သည့်အတွက် ရေဘေးသင့် အိမ်ထောင်စုများ အတွက် ဆန်(၆)ပြည် အိတ်(၆၀၀)အိတ်တို့အားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် စေတနာရှင်များမှ ထမင်းဘူး(၅၀၀)ဘူးတို့အား (၂၈-၇-၂၀၂၁) ရက်နေ့တွင် ရေဘေးသင့်ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်းနှင့် … Read more
-
လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာအုပ်စုနှင့် အနိုင်းပွန်ကျေးရွာအုပ်စုတို့၌ (၂၃-၇-၂၀၂၁) ရက် နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၄) လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁၄)လုံး စုစုပေါင်းနေအိမ် (၁၈)လုံး၊ အိမ်ထောင်စု(၁၈)စုနှင့် လူဦးရေ (၈၀) ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၄၈,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆၈,၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁,၅၁၆,၀၀၀/-)ကျပ်တို့အားလည်းကောင်း ပြိုကျ ပျက်စီးနေအိမ် (၄) လုံးအတွက် … Read more
-
ပဲခူးမြစ်ရေ ဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းအိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးမြစ်ရေ မြင့်တက်ဝင်ရောက်ခဲ့မှုကြောင့် ပဲခူးမြို့ အလကခွဲ (ဖောင်တော်ဦး) နှင့် ဖောင်တော်ဦး အမက တွင် ရွှေ့ပြောင်းထားရှိသော ဇိုင်းဂနိုင်း (တောင်ပိုင်း)မှ အိမ်ထောင်စု (၇၂)စု၊ လူဦးရေ (၃၂၀) ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၆၇၂,၀၀၀/-) ကျပ်နှင့် Mask (၂) ခုနှုန်းဖြင့် စုစုပေါင်း Mask (၆၄၀) ခု တို့အား (၂၈-၇-၂၀၂၁) ရက်နေ့၊ … Read more
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေး အန္တရာယ်များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးတိုင်းဒေသကြီဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ငါန်းဇွန်မြို့နယ်ရှိ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ တမာပင်ကျေးရွာအုပ်စုတွင် တမာပင်ကြီးကျေးရွာ၊ ညောင်ချင်းကျေးရွာ၊ လက်ပံပင်ကျေးရွာ၊ စီထိန်ကျေးရွ, ပေါင်း ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁)စု၊ ကျေးရွာ(၄)ရွာသို့ (၂၈-၇-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_jul2021 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေး အန္တရာယ်များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် ငါန်းဇွန်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများသို့ (၂၇-၇-၂၀၂၁) ရက်နေ့တွင် COVID-19 ကူးစက်ေရာဂါ ကြိုတင် ကာကွယ်ရေးနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_jul2021 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကလိချောင်းရေမြင့်တက်ဝင်ရောက်မှုကြောင့်ရေဘေးရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ကလိချောင်းရေမြင့်တက်ဝင်ရောက်မှုကြောင့် ဘုရားကြီးမြို့ အမှတ်(၁)ရပ်ကွက် ကံထူးဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြောင်းရွှေ့ထားရှိသော ရေဘေးရှောင်အိမ်ထောင်စု (၄၀) စု လူဦးရေ (၁၅၈) ဦးအတွက် (၇) ရက်စာ ဆန်ဖိုးငွေ (၃၃၁၈၀၀/-)ကျပ်နှ့င် Mask (၂) ခုနှုန်းဖြင့် စုစုပေါင်း Mask (၃၁၆) ခုတို့အား (၂၈-၇-၂၀၂၁) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld … Read more









