Latest News
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ စိုင်တီစုကျေးရွာအုပ်စု၌ (၂၃-၇-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ် (၆) လုံး၊ ပြိုလဲနေအိမ် (၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၉၀,၀၀ဝ/-)၊ လူဦးရေ (၃၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၅,၆၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၈၆၅,၆၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၂) အိမ်ထောင်စာ၊ ကတ္ထူစက္ကူပုံး(၂)ပုံးတို့ကိုလည်းကောင်း၊(၂၄-၇-၂၀၂၁) ရက်နေ့ ဝေါမြို့နယ်၊ ဆင်ရွာကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ် (၇)လုံး၊ ပြိုလဲနေအိမ် (၆)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုဒုံမြို့နယ်၊ မှိန်ကနိမ်းကျေးရွာအုပ်စုတောင်ပိုင်း၌ (၂၆-၇-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှု ကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးမှ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝ/-) ကျပ်နှင့် ဘေးသင့်လူဦးရေ (၄) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၈,၄၀ဝ/-)ကျပ်တို့အားလည်းကောင်း၊ မုဒုံမြို့နယ်၊ မှိန်ကနိမ်း ကျေးရွာအုပ်စု၊ ကော့ကဗွီးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၁)လုံးနှင့် … Read more
-
ရေဘေးရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၇-၂၀၂၁)ရက်နေ့မှစ၍ ဘီးလင်းမြစ်ရေဝင်ရောက်မှုကြောင့် ဘီးလင်းမြို့ပေါ်ရှိ မြေနိမ့်ပိုင်း ဖြစ်သော ကန်သာယာရပ်ကွက်၊ ဘိုးရာဇာရပ်ကွက်၊ ဆရာစံရပ်ကွက်၊ ဘိုးလှကြီးရပ်ကွက်၊ ကဒီပု ကျေးရွာအုပ်စု၊ ကျားကွင်းကျေးရွာအုပ်စု၊ ညောင်ပုလင် ကျေးရွာအုပ်စုနှင့် ရွှေလှေကျေးရွာအုပ်စု တို့မှ ကယ်ဆယ်ရေးစခန်း (၁၂) ခုရှိ ရေဘေးရှောင်အိမ်ထောင်စု(၁၇၈)စု လူဦးရေ( ၇၉၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၆၇၁,၆၀၀/-) ကျပ်တို့အား (၂၉-၇-၂၀၂၁) ရက်နေ့ တွင် (၁၄:၀၀) နာရီအချိန်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ … Read more
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု၊ ဖားကြီးကျေးရွာ၌ (၂၆-၇-၂၀၂၁)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှု ကြောင့် ပြိုကျပျက်စီးခဲ့သည့် တောတိုင်၊ ပျဥ်ခင်း၊ ဖက်မိုး၊ ဝါးထရံကာ လူနေအိမ်(၁)လုံးမှ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀/-) ကျပ်၊ စုစုပေါင်း (၁၁၂,၆၀၀/-)ကျပ်တို့အား (၂၉-၇-၂၀၂၁)ရက်နေ့ (၁၃း၀၀)နာရီ အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ရေဘေးရှောင်ကယ်ဆယ်ရေး စခန်းများမှ အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဘေးရှောင်ကယ်ဆယ်ရေး စခန်းများမှ အိမ်ထောင်စုများအတွက် မာမား (၃၀) ထုပ်ပါ (၆၀) ဖာကို အရှေ့တောင် တိုင်းစစ် ဌာန ချုပ်ကိုယ်စား ဗိုလ်မှူးကြီးတိုးဝင်းမှ လည်းကောင်း၊ (၂၇-၇-၂၀၂၁) ရက်နေ့ (၁၈:၀၀) အချိန်မှ (၂၈-၇-၂၀၂၁) ရက်နေ့၊ (၁၂၀၀) နာရီအချိန်ထိ ကယ်ဆယ်ရေးစခန်း (၁၂) ခုသို့ ရောက်ရှိလာသည့် ထပ်တိုးလူဦးရေ (၂၄၂၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅,၀၈၂,၀၀၀/-) ကျပ်တို့အား လည်းကောင်း၊ … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်၊ (၁၂:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၅)လက်မခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင် ပါသည်။ သောင်ရင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၇)ပေခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃)ရက်အတွင်း … Read more









