ကလိချောင်းရေမြင့်တက်ဝင်ရောက်မှုကြောင့်ရေဘေးရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ကလိချောင်းရေမြင့်တက်ဝင်ရောက်မှုကြောင့် ဘုရားကြီးမြို့ အမှတ်(၁)ရပ်ကွက် ကံထူးဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြောင်းရွှေ့ထားရှိသော ရေဘေးရှောင်အိမ်ထောင်စု (၄၀) စု လူဦးရေ (၁၅၈) ဦးအတွက် (၇) ရက်စာ ဆန်ဖိုးငွေ (၃၃၁၈၀၀/-)ကျပ်နှ့င် Mask (၂) ခုနှုန်းဖြင့် စုစုပေါင်း Mask (၃၁၆) ခုတို့အား (၂၈-၇-၂၀၂၁) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#bgo_jul2021

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events