လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ စိုင်တီစုကျေးရွာအုပ်စု၌ (၂၃-၇-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ် (၆) လုံး၊ ပြိုလဲနေအိမ် (၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၉၀,၀၀ဝ/-)၊ လူဦးရေ (၃၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၅,၆၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၈၆၅,၆၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၂) အိမ်ထောင်စာ၊ ကတ္ထူစက္ကူပုံး(၂)ပုံးတို့ကိုလည်းကောင်း၊(၂၄-၇-၂၀၂၁) ရက်နေ့ ဝေါမြို့နယ်၊ ဆင်ရွာကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ် (၇)လုံး၊ ပြိုလဲနေအိမ် (၆)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၆၂၀,၀၀ဝ/-)၊ လူဦးရေ (၆၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆,၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၇၄၆,၀၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၄) အိမ်ထောင်စာ၊ (၁၆)မျိုး (၂)အိမ်ထောင်စာနှင့် ကတ္ထူစက္ကူပုံး(၆)ပုံးတို့ကိုလည်းကောင်း၊ (၂၉-၇-၂၀၂၁) ရက်နေ့ တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
#ha_sgw
#bgo_jul2021
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)