ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၃-၇-၂၀၂၁)ရက်နေ့ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ရှမ်းရွာကြီးကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သောလေဘေးမှ ပြိုလဲနေအိမ်(၁၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၁၀၀၀၀ဝိ/-)၊အမိုးလန်နေအိမ် (၃၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၃၆၀၀၀ဝိ/-)၊ လူဦးရေ(၁၈၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၈၄၃၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈၄၄၃၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၅) အိမ်ထောင်စာနှင့် (၁၆) မျိုး (၆)အိမ်ထောင်စာ စက္ကူပုံး(၂)ပုံးတို့အား (၃-၈-၂၀၂၁) ရက်နေ့ (၁၁:၄၅)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပြီး ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_aug2021 … Read more

  • ရေဘေးအန္တရာယ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၂၁)ရက်နေ့ (၀၈း၀၀)နာရီ အချိန်မှ (၁၀း၀၀)နာရီအချိန်ထိ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လက်ခုပ်ကျေးရွာ၊ သာစည်ကျေးရွာ၊ ဒေးဒရဲကျေးရွာနှင့် သဲကုန်းကျေးရွာများသို့ မိုးရာသီတွင် ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ် နှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်အချက်အလက်များ၊ ပြည်သူများကြိုတင်ပြင်ဆင်ရန် အချက် အလက်များအား အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_aug2021 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်​ရောချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီ မံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ကနန်းဒေသစိတ်အတွင်းရှိ ကနန်းမူးသားကျေးရွာအုပ်စု၊ ပဲ့နင်းကျေးရွာတွင် (၃၁.၇.၂၀၂၁)ရက်နေ့၌ မူးမြစ်ရေ ရုတ်တရက်ဝင်ရောက်မှုကြောင့် မျှောပါပျက်စီးခဲ့သော ဘေးသင့်အိမ်ထောင်စု (၁)စုမှ လူ(၆)ဦး အတွက် အဝတ်(Mask) (၁၂)ခု၊ Family Kit (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀ဝိ/-)နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၂၆၀ဝိ/-)ကျပ်အား (၇.၈.၂၀၂၁)ရက်နေ့ (၁၀:၃၀) နာရီအချိန်ခန့်တွင် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှတဆင့် ဘေးသင့်ပြည်သူထံ သို့ ထုတ်ပေးထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld … Read more

  • လေဘေးထောက်ပံ့ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေလးနှင့် ပြန်လည်​ရောချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နရယ်ကိုင်းတောစု​ကျေးရွာအုပ်စု၊ ကိုင်းတောစုကျေးရွာတွင် (၃၁-၇-၂ဝ၂၁)ရက်နေ့ (၂၀း၀၀)အချိန်တွင် ဖြစ်ပွားသော လေဘေးမှ​ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀၀၀ဝိ/-)၊ လူဦးရေ(၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ငွေ (၆၃၀ဝိ/-) စုစုပေါင်း(၁၀၆၃၀ဝိ/-)ကျပ်နှင့် ထောက်ပံ့ရေးပစ္စည်း (၁၆)မျိုးပါ (၁)အိမ်ထောင်စုစာ တို့အား(၆-၈-၂၀၂၁)ရက်နေ့ (၁၀း၀၀)အချိန်တွင် ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_aug2021 Source: သာယာဝတီခရိုင်ဦးစီးမှူရုံး (ဘစမ)

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေလးနှင့် ပြန်လည်​ရောချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသရှိ နေရပ်ပြန်မည့် တိုက်ပွဲရှောင်အိမ်ထောင်စု(၃၁၇)စု၊ လူဦးရေ(၁၉၂၆)ဦးအတွက်  ဒုတိယအကြိမ်(၁)လစာ ဆန်ရိက္ခာဖိုးငွေ(၁၇၃၂,၅,၀၀ဝိ/-)အား (၅-၈-၂၀၂၁) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #kyn_aug2021 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါနှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေလးနှင့် ပြန်လည်​ရောချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်လူမှုရေးအသင်းအဖွဲ့များ နှင့်ပူးပေါင်းပြီး လားရှိုးမြို့နေပြည်သူများ COVID-19 ကြိုတင်ကာကွယ် နိုင်ရန်ရည်ရွယ်၍ အများပြည်သူ သွားလာအသုံးပြုသောလမ်းများ ရပ်ကွက်များသို့ လှည့်လည်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Stay at Home မြို့များအတွက်ထုတ်ပြန်ထားသောအသိ ပညာပေးစာသားများကို ဖတ်ကြားခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို (၅.၈.၂၀၂၁)ရက်နေ့၌ ဘူတာ လမ်းမကြီး​ပေါ်တွင် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)