Latest News
-
Covid-19 ရောဂါနှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေလးနှင့် ပြန်လည်ရောချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ ရပ်ကွက်လူမှုရေးအသင်း အဖွဲ့များနှင့် ပူးပေါင်းပြီး လားရှိုးမြို့နေပြည်သူများ COVID-19 ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အများပြည်သူ သွားလာအသုံးပြုသောလမ်းများ ရပ်ကွက်များသို့ လှည့်လည်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Stay at Home မြို့များအတွက် ထုတ်ပြန်ထားသောအသိ ပညာပေးစာသားများ ကို ဖတ်ကြားခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို (၆.၈.၂၀၂၁) ရက်နေ့၌ မိမိတို့ဌာနတာဝန်ကျသည့် ဘူတာလမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2021 … Read more
-
COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ အကြောင်း အသိပညာပေးခြင်းသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် မြင်းခြံမြို့နယ်ရှိ ရပ်ကွက်(၁၄,၁၅,၁၆,၁၇,၁၈,၁၉,၂၀)၊ ခေါင်းကွဲကျေးရွာအုပ်စုတွင်၊ ခေါင်းကွဲ၊ ပိုက်တဲကုန်း၊ သင်္ဘောတင်၊ ကံရွာ၊ သာပေါင်းကျေးရွာအုပ်စုတွင် သာပေါင်း၊ အနိမ့်၊ ပတ္တာ၊ တဲကုန်း စုစုပေါင်း ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂)စုနှင့် ကျေးရွာ(၈)ရွာသို့ (၅-၈-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝ ဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_aug2021 Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ အကြောင်း အသိပညာပေးခြင်းသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် မြင်းခြံမြို့နယ်ရှိ ရပ်ကွက်(၇,၈,၉,၁၀,၁၁,၁၂,၁၃)၊ သဲဖြူဝကျေးရွာအုပ်စုတွင် သဲဖြူဝ(နောက်)၊ သဲဖြူဝ(ရှေ့)၊ သဲဖြူဝပြည်တော်သာ၊ ကြီးပင်၊ ဒေါင်းသစ်ကျေးရွာအုပ်စုတွင် ဒေါင်းသစ်၊ ကျွဲခြံ၊ ညောင်ပင် စုစုပေါင်း ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂)စုနှင့် ကျေးရွာ(၇)ရွာသို့ (၄-၈-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝ ဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_aug2021 Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ အကြောင်း အသိပညာပေးခြင်းသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် မြင်းခြံမြို့နယ်ရှိ ရပ်ကွက်(၁,၂,၃,၄,၅,၆,)၊ ရွာစည်ကျေးရွာအုပ်စုတွင် ရွာစည်(တောင်)၊ ရွာစည်(မြောက်)၊ သိမ်ရွာ၊ ရှားတောကျေးရွာအုပ်စုတွင် ရှားတော၊ အနောက်ရွာပိုး၊ ပျော်ခင်းသာ၊ ပြည်တော်သာ၊ အေးကျေးရွာအုပ်စုတွင် အေးကျေးရွာ၊ စုစုပေါင်း ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃)စုနှင့် ကျေးရွာ(၈)ရွာသို့ (၃-၈-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_aug2021 Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၂၁) ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်၊ ဖာလမ်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း (၁)ကျောင်း၊ စာသင်ကျောင်းဆောင် (၁)ဆောင်နှင့် အမိုးလန်အိမ်ခြေပေါင်း (၇၂)လုံးတို့အတွက် အလူဇင့်(၇)ပေ အမိုးသွပ် စုစုပေါင်း (၇၅၈)ချပ်အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ (၃၀-၇-၂၀၂၁) ရက်နေ့တွင် မိုင်းကိုင်မြို့သို့ပေးပို့ခဲ့ရာ (၅-၈-၂၀၂၁) ရက်နေ့၊ မွန်းလွဲပိုင်း (၁၄:၃၀) အချိန်တွင် မိုင်းကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ လွဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_aug2021 … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး လက်အောက်ရှိခရိုင်/မြို့နယ်မှ တာဝန်ရှိသူများသည် (၃၁.၇.၂၀၂၁) ရက်နေ့မှ (၅.၈.၂၀၂၁)ရက်နေ့အတွင်း ရှမ်းပြည်နယ်အတွင်းရှိ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ မန်တုံမြို့နယ်(၄)မြို့နယ်ရှိ တိုက်ပွဲရှောင်စခန်း (၂၂)ခုတို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲတန်ဖိုး(၃၉၇၇၅၃၀၀ိ/-)တို့အား အိမ်ထောင်စု(၁၄၀၅)စု၊ လူဦးရေ(၇၂၂၉)ဦးတို့အတွက် (၅.၈.၂၀၂၁)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #shn_aug2021 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









