Latest News
-
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ
၁၂-၆-၂၀၂၁၊ နေပြည်တော် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) အား ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လူကိုယ်တက်ရောက်ခြင်းနည်းလမ်းဖြင့်လည်းကောင်း Zoom မှ တဆင့် Online နည်းလမ်းဖြင့်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ လုပ်ငန်းကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့၏ လုပ်ငန်းကော်မတီသည် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဦးဆောင်မှုဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာမှာ … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ရာသီကာလအလိုက်ဖြစ်ပွားတတ်သောသဘာဝဘေးအန္တရာယ်အား အသိပညာပေးဆောင်ရံက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံး၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးနှင့် ဝမ်းတွင်းမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် နွားထိုးကြီးမြို့နယ်၊ မြင်းခြံမြို့နယ်နှင့် ဝန်းတွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများသို့ (၁၁-၇-၂၀၂၁) ရက်နေ့တွင် COVID-19 ကူးဆက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mdy_jul2021
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပါသည်။”
-
ဘင်္ဂလားပင်လယ်အော်အခြေအနေ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတို့တွင် နောက်(၂၄)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရပါသည်။”
-
COVID-19 ကူးစက်ရောဂါနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံးနှင့် မြင်းခြံ မြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် သပိတ်ကျင်းမြို့နယ်နှင့် မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများသို့ (၉-၇-၂၀၂၁) ရက်နေ့တွင် COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ အကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_jul2021 Source: သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံး၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်အိမ်ထောင်စုများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ (၅၄)လမ်း၊ အမှတ် (၄၁/၄၃) တို့နှင့် ကပ်လျက်ရှိသော လူနေဂိုဒေါင်မှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းပေါင်း (၆၄) ခန်းထိခိုက်ပျက်စီးခဲ့ပြီး အိမ်ထောင်စု (၅၉) စုအတွတ် (၂,၇၃၅,၄၇၆) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၅၉)အိမ်ထောင်စာနှင့် လူဦးရေ (၁၃၇)ဦးအတွတ် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၂၈၇,၇၀၀) ကျပ်တို့အား (၉-၇-၂၀၂၁) ရက်နေ့ (၁၄:၀၀)နာရီအချိန်၌ သံဃဒါန ဆွမ်းလောင်းအသင်း … Read more









