Latest News
-
COVID-19 ကူးစက်ရောဂါနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် တံတားဦးမြို့နယ်များရှိ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)နှင့် သာဂေါင်ရပ်၊ တောင်ရပ်၊ ဘူတာရပ်၊ ကွက်သစ်ရပ်၊ စိတ္တရမဟိရပ်၊ အိမ်သစ်တန်း၊ နီပါးတန်း၊ ရေလည်၊ ဘုံကုန်း၊ ပုဏ္ဏားကုန်း၊ တစီးရှင်၊ လွှစဉ်တန်း၊ တဲတော်ရာ၊ မကျီးတောနှင့် နွားကျော်ထ စုစုပေါင်း ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာ(၁၅) ရွာသို့ (၈-၇-၂၀၂၁) ရက်နေ့တွင် COVID-19 ကူးဆက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေး အန္တရာယ်များအကြောင်း … Read more
-
ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များနှင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ (၁-၇-၂၀၂၁) ရက်နေ့ (၁၄:၀၀) နာရီအချိန်ခန့်တွင် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် လူနေအိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ စုစုပေါင်း (၂၆)ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၄,၆၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၈၅၄,၆၀၀/-) ကျပ်တို့အားလည်းကောင်း၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအုပ်စု၌ (၃-၇-၂၀၂၁) … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၇.၂၀၂၁) ရက်နေ့ နံနက်ပိုင်း၌ လားရှိုးမြို့နေပြည်သူများ COVID-19 ကြိုတင် ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရပ်ကွက် (၁) ၊ နယ်မြေ (၈) တွင် အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်သန့်ဆေးရည်ဖြင့် လက်သန့်စင် ပေးခြင်း၊ Mask များပေးဝေခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် အပူချိန် တိုင်းပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၇.၂၀၂၁) ရက်နေ့ နံနက်ပိုင်း၌ လားရှိုးမြို့နေ ပြည်သူများ COVID-19 ကြိုတင် ကာကွယ်နိုင်ရန်ရည်ရွယ်၍ ရပ်ကွက် (၁) ၊ နယ်မြေ (၂) တို့တွင် အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်ပေးခြင်း၊ Mask များဝေငှပေးခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် အပူချိန်တိုင်းပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) ကျင်းပ
မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ လူကိုယ်တိုင် တက်ရောက်၍လည်းကောင်း၊ Online မှတက်ရောက်၍လည်းကောင်း ပုံစံ (၂) မျိုးဖြင့် ပေါင်းစပ်ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ သက်ကြီးရွယ်အို များဆိုင်ရာကော်မတီသည် ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ အရ သက်ကြီးရွယ်အိုဆိုင်ရာ အရေးကိစ္စနှင့် ပတ်သက်၍ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးမြို့နေ ပြည်သူများ COVID-19 ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ (၆-၇-၂၀၂၁) ရက်နေ့ နံနက် ပိုင်း၌ ရပ်ကွက် (၁)၊ နယ်မြေ (၅)တွင် အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်သန့် ဆေးရည်ဖြင့် လက်သန့်စင်ပေးခြင်း၊ Mask များပေးဝေခြင်း၊ အပူချိန်တိုင်း ကိရိယာဖြင့် အပူချိန်တိုင်းပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)









