Latest News
-
COVID-19 ကူးစက်ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ သိမ်ကုန်းရပ်ကွက်နှင့် ကမာဝက်ရပ်ကွက်တို့တွင် COVID-19 ကူးစက်ရောဂါကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_Aug_2021 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၂၁) ရက်နေ့၌ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာ နှင့် (၁၀)မိုင်ကျေးရွာတို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်ရောဂါ ကူးစက်မှုမဖြစ်စေရေးအတွက် လိုက်နာရန်အချက်များကို အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug_2021 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၂၁)ရက်နေ့၌ ထားဝယ်မြို့နယ် မြောင်းပုလဲရပ်ကွက်၊ နှင့် ဥတ္တရံရပ်ကွက် တို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရေးအတွက် လိုက်နာရန်အချက်များကို အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug_2021 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီ အချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ သိမ်ကုန်း ရပ်ကွက်နှင့် ကမာဝက်ရပ်ကွက်တို့တွင် သဘာဝဘေးအန္တရာယ်များနှင့် COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းအား အသံချဲ့စက်များဖြင့်ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2021 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ရုံးဆိပ်ကျွန်း ကျေးရွာအုပ်စု၊ ရုံးဆိပ်ကျွန်းကျေးရွာတွင် (၂၆-၈-၂၀၂၁) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါပြို ကြိုတင်ပြောင်းရွေ့အိမ်ခြေ (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၀၀၀,၀၀၀/-)၊ လူဦးရေ (၅၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၁၅,၅၀၀/-) ကျပ်နှင့် မာန်မြေ ကျေးရွာအုပ်စု၊ ရွာသာကုန်းကျေးရွာတွင် (၂၆-၈-၂၀၂၁) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါပြို ကြိုတင်ပြောင်းရွေ့ အိမ်ခြေ (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀၀/-)၊ လူဦးရေ … Read more
-
COVID-19 ကူးစက်ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၉-၈-၂၀၂၁) ရက်နေ့၊ (၁၃း၀၀)နာရီအချိန်မှ (၁၅း၃၀)နာရီအချိန်ထိ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာနှင့် ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက် တို့တွင် နေထိုင်သောပြည်သူများအား Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_Aug_2021 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)









