ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ရုံးဆိပ်ကျွန်း ကျေးရွာအုပ်စု၊ ရုံးဆိပ်ကျွန်းကျေးရွာတွင် (၂၆-၈-၂၀၂၁) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါပြို ကြိုတင်ပြောင်းရွေ့အိမ်ခြေ (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၀၀၀,၀၀၀/-)၊ လူဦးရေ (၅၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၁၅,၅၀၀/-) ကျပ်နှင့် မာန်မြေ ကျေးရွာအုပ်စု၊ ရွာသာကုန်းကျေးရွာတွင် (၂၆-၈-၂၀၂၁) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါပြို ကြိုတင်ပြောင်းရွေ့ အိမ်ခြေ (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀၀/-)၊ လူဦးရေ (၂၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၀,၉၀၀/-)ကျပ်၊ စုစုပေါင်းနေအိမ် (၁၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၇၀၀,၀၀၀/-)ကျပ် ၊ စုစုပေါင်း လူဦးရေ (၈၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၇၆,၄၀၀/-)၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁,၈၇၆,၄၀၀/-) ကျပ် တို့အား (၃၀-၈-၂၀၂၁)ရက်နေ့ (၁၃း၃၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့် ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#mgy_aug2021
Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events