ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • Covid-19 ကူးစက်ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်နှင့် ထောင်ကေးရပ်ကွက်တို့တွင် သဘာဝဘေးအန္တရာယ်များနှင့် COVID-19 ကူးစက်ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep_2021 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၃၀.၈.၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ၊ ရွာသစ်ပိုင်းတွင် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သည့် လူနေအိမ်(၁)လုံးမှအိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စာ တန်ဖိုးငွေ (၄၆,၀၃၆/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝိ/-)နှင့် မီးဘေးသင့်လူဦးရေ(၄)ဦး အတွက်(၇)ရက်စာဆန်ဖိုးငွေ(၈,၄၀ဝိ/-)တို့အား (၃၁.၈.၂၀၂၁)ရက်နေ့ ၊ (၁၄:၀၀)နာရီအချိန်တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_sep_2021 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၂၁)ရက်နေ့၌ ရေဖြူမြို့နယ် (ဃ)ရပ်ကွက်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရေးအတွက် လိုက်နာရန်အချက်များကို အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_sep_2021 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်၊ (၀၈:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) ဧရာဝတီမြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ —————————————————– ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်သို့ (၁)လက်မခန့် ကျော်လွန် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် ————– သို့ဖြစ်ပါ၍ ဆိပ်သာမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

  • Covid-19 ကူးစက်ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၁-၈-၂၀၂၁) ရက်နေ့၊ (၁၁း၀၀)နာရီအချိန်မှ(၁၃း၀၀)နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကျုံကကျေးရွာနှင့် နတ်ကြီးချောင်ကျေးရွာတို့တွင် နေထိုင်သောပြည်သူများအား Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep_2021 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သနပ်ကုန်းကျေးရွာအုပ်စု၊ ငွေသောင်ကျေးရွာတွင် (၂၄-၈-၂၀၂၁)ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၂၀)လုံး၊ အိမ်ထောင်စု (၂၀)စုမှ လူဦးရေ (၉၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂,၀၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး (၂၀၇,၉၀၀ိ/-)၊ ရန်ပုံငွေစုစုပေါင်း (၂,၂၀၇,၉၀၀ိ/-)ကိုလည်းကောင်း၊ စလင်းမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ သရက်ကုန်း၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာတို့တွင် (၂၅-၈-၂၀၂၁)ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၁၈)လုံး၊ အိမ်ထောင်စု (၁၈)စုမှ လူဦးရေ (၈၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၈၀၀,၀၀၀ိ/-)နှင့် … Read more