ရေဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးခရိုင်၊ မကွေးမြို့နယ်၊ မီး​သေကျေးရွာတွင် (၄-၉-၂၀၂၁) ရက်နေ့၌ ဧရာဝတီမြစ်ရေ​မြင့်တက်မှုကြောင့် ရေဘေးသင့်ခဲ့သောအိမ်ခြေ (၆)လုံး၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၂)ဦးတို့ ပြောင်းရွှေ့မှုအတွက်  ဆန်ရိက္ခာဖိုး (၄၆,၂၀ဝ) ကျပ်တို့အား (၆-၉-၂၀၂၁) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_fld

#mgy_sep2021

Sign Up

Upcoming Events