Latest News
-
သဘာဝဘေးအန္တရာယ်များနှင့် COVID-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကွမ်ကဗွီးကျေးရွာနှင့် ဆက်သွယ်ကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်များနှင့် COVID-19 ကူးစက်ရောဂါကာကွယ်ရေးအသိပညာပေးခြင်းအားအသံချဲ့စက်များဖြင့် ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep_2021 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ် ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၁) ရက်နေ့၊ (၁၁:၀၀)နာရီအချိန် မှ (၁၄:၀၀)နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ တောင်ပကျေးရွာနှင့် ထုံမံကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်နှင့် COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းများအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2021 Source: မုဒုံမြို့နယ်စီးမှူးရုံး (ဘစမ)
-
တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘေးသင့်အိမ်ခြေများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်၊ ဆင်စခန်းကျေးရွာအုပ်စု၊ ဆင်စခန်းကျေးရွာ၌(၁၅-၉-၂၀၂၁) ရက်နေ့တွင် တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုအန္တရာယ်ကြောင့် အိမ်ခြေ (၂)လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဘေးသင့်အိမ်ခြေ (၂)လုံးအတွတ် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁၀၀၀၀၀) ကျပ်နှင့် လူဦးရေ(၉)ဦးအတွတ် ဆန်ရိက္ခာ(၇)ရက်စာဖိုးကျပ် (၁၈၉၀၀)ကျပ်၊ စုစုပေါင်း (၁၁၈၉၀၀)ကျပ်တိတိအား (၁၇-၉-၂၀၂၁) ရက်နေ့ (၁ဝး၀၀) နာရီတွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ygn_sep2021 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၉-၂၀၂၁)ရက်နေ့၊ (၀၉:၃၀)နာရီချိန်မှ (၁၂:၀၀)နာရီချိန်ထိ ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်၊ နောင်ပလိန်ကျေးရွာ၊ သာယာမြိုင်ကျေးရွာ၊ ထောင်ကလပ်ကျေးရွာ၊ နောင်ယားဖေးကျေးရွာ၊ အမှတ်(၁)စံပြဈေးနှင့် မဲဘောင်းဈေးသို့ သွားရောက်၍ ပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခဲ့ပြီး အသိပညာပေးဗီနိုင်းများဖြန့်ဝေခြင်းနှင့် Surgical Mask များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_sep2021 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထိလာခရိုင်ဦးစီးမှူးရုံး၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးနှင့် သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် မိတ္ထီလာမြို့နယ်၊ မြင်းခြံမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာအုပ်စုနှင့် ကျေးရွာများသို့ (၁၅-၉-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ အကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mdy_sep2021
-
အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီချိန်မှ (၁၅:၃၀)နာရီချိန်ထိ ဘားအံမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ် (၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်၊ တရုတ်လှစံပြကျေးရွာ၊ ဘားကပ် စံပြကျေးရွာ၊ ရွာကြီးစံပြကျေးရွာ၊ မန္တလေးကုန်းကျေးရွာ၊ လှာကာ ကျေးရွာ၊ မြိုင်ကလေးကျေးရွာနှင့် မြိုင်ကလေးဈေးသို့ သွားရောက်၍ ပြည်သူများအား COVID-19 လော်စပီကာဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပြီး ဗီနိုင်းပိုစတာများစိုက်ထူပေးခြင်းနှင့် Surgical Mask များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_sep2021 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









