လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီချိန်မှ (၁၅:၃၀)နာရီချိန်ထိ ဘားအံမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ် (၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်၊ တရုတ်လှစံပြကျေးရွာ၊ ဘားကပ် စံပြကျေးရွာ၊ ရွာကြီးစံပြကျေးရွာ၊ မန္တလေးကုန်းကျေးရွာ၊ လှာကာ ကျေးရွာ၊ မြိုင်ကလေးကျေးရွာနှင့် မြိုင်ကလေးဈေးသို့ သွားရောက်၍ ပြည်သူများအား COVID-19 လော်စပီကာဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပြီး ဗီနိုင်းပိုစတာများစိုက်ထူပေးခြင်းနှင့် Surgical Mask များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#krn_sep2021
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)