Latest News
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများးသည် (၂၀-၉-၂၀၂၁)ရက်နေ့တွင် (၀၉:၃၀) အချိန်မှ(၁၂:၀၀)အချိန်အထိ ထန်းတပင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက် အောင်သုခရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်အတွင်း Covid-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိ လိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေး လက်ကမ်းစာစောင်များ၊ Surgical Maskများကို ပြည်သူလူထုများထံ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2021 Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်များနှင့် COVID-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၉-၂၀၂၁) ရက်နေ့တွင် (၀၉:၀၀)အချိန်မှ (၁၂:၀၀)အချိန်အထိ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ သုခဝေဖြာရပ်ကွက်နှင့် ချမ်းမြေ့သာယာရပ်ကွက်အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိလိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ၊ Surgical Maskများကို ပြည်သူများထံသို့ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep_2021 Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၁) ရက်နေ့၊ (၀၈:၀၀) အချိန်မှ (၁၁:၃၀)အချိန်အထိ မိုးညိုမြို့နယ်၊ ရပ်ကွက် (၆)ရပ်ကွက်နှင့် ကျေးရွာ (၂)ရွာအတွင်း ကိုဗစ်-၁၉ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူ သိရှိလိုက်နာရန် အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သဘာဝဘေး လက်ကမ်းစာစောင်များ၊ Surgical Mask များကို ပြည်သူလူထုများထံ ဝေငှပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2021 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၁)ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၂:၀၀)အချိန်အထိ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ရပ်ကွက်ကြီး(၄)၊ ရပ်ကွက်ကြီး(၅)၊ ရပ်ကွက်ကြီး(၆)အတွင်း ကိုဗစ်-၁၉ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ အများပြည်သူသိရှိလိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ၊ Surgical Mask များကို ပြည်သူ လူထုများထံ ဝေငှပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2021 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီချိန်မှ (၁၅:၃၀)နာရီချိန်ထိ ဘားအံမြို့နယ်ရှိ ကျေးရွာ(၁၂)ရွာသို့ သွားရောက်၍ ပြည်သူများအား COVID-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_sep_2021 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၂၁)ရက်နေ့နှင့် (၁၇-၉-၂၀၂၁)ရက်နေ့တို့တွင် လက်ပံတန်းမြို့နယ်၊ ညောင်ကုန်းကျေးရွာနှင့် ပျဥ်းကတိုးကုန်းကျေးရွာ တို့တွင်ဧရာဝတီမြစ်နှင့် မြစ်မခမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်(၂၈)လုံး၊ လူဦးရေ(၁၁၀)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၃၁၀၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၈၀၀၀၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၀၃၁၀၀၀)ကျပ်တို့အား (၂၀-၉-၂၀၂၁)ရက်နေ့(၁၂း၀၀)နာရီအချိန်တွင်လက်ပံတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ရပ်ကျေးစာရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်အတူ ဘေးဖြစ်ပွားသူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_sep_2021 Source: သာယာဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)









