Latest News
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၁၀.၂၀၂၁) ရက်နေ့တွင် သိန္နီမြို့နယ်၊ နားငင်းကျေးရွာအုပ်စု၊ ဟိုလောင်းကျေးရွာနမှ အိမ်ထောင်စု(၁၈)စု၊ ကျား(၆၈)ဦး၊ မ(၅၅)ဦး၊ စုစုပေါင်း(၁၂၃)ဦးတို့သည် တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် လားရှိုးမြို့နယ်၊ နမ့်တွန်းကျေးရွာသို့ တိမ်းရှောင်လာရာ အဆိုပါတိုက်ပွဲရှောင်ပြည်သူ(၁၂၃)ဦးအတွက် ထောက်ပံ့ငွေ (၂၅၈၃၀၀/-)ကျပ်တိတိအား (၂၅.၁၀.၂၀၂၁) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #shn_oct_2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ထိခိုက်ဒဏ်ရာရရှိသူအတွက် ထောက်ပံ့မှုသတင်း
(၄-၁၀-၂၀၂၁)ရက်နေ့၊ (၀၈:၀၀)အချိန်ခန့်၌ ဖာပွန်မြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် တံခွန်တိုက်ကျေးရွာအုပ်စု၊ ဝှေမှုန်ကျေးရွာနေ ဦးစိုင်းမြင့်၀င်း အသက် (၅၃)နှစ်၊ (ဘ)ဦးဘလွန်းသည် ဦးခေါင်းနောက်စေ့ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပါသဖြင့် အဆိုပါဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေကျပ်(၅၀၀၀ဝိ/-)တိတိအား ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူသည် (၂၅-၁၀-၂၀၂၁)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်ခန့်တွင် ဖာပွန်မြို့၊ တပ်မတော်ကုတင် (၁၀၀)သို့ သွားရောက်ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #otr #krn_oct_2021 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၁၀.၂၀၂၁)ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ (၁၂)နှစ်အထက် ကျောင်းသား/ သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား မြို့နယ်ထွေ/အုပ်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်း၊ ကြက်ခြေနီ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ygn_oct_2021 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၀-၂၀၂၁) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများဖြင့်ပူးပေါင်း၍ ကသာမြို့နယ်အတွင်း ပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လိုက်နာရမည့်စည်းကမ်းများအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် အသံချဲ့စက်ဖြင့်လိုက်လံအသိပေးခြင်း၊ နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်း နှင့် (Mask Camping)လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_oct2021 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာတွင် (၂၀-၁၀-၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွေ့နေအိမ်(၆)လုံး၊ လူဦးရေ (၂၂)ဦးတို့အတွက် Mask (၄၄)ခု၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၆၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ (၄၆၂၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၆၄၆၂၀ဝိ/-)အား (၂၂-၁၀-၂၀၂၁) ရက်နေ့၊ နေ့လည် (၁၃း၃၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့ အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_oct_2021 Source: … Read more
-
ရေမျောထောက်ပံ့ဆောင်ရွက်ပြီးစီးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၀-၂၀၂၁)ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေယာဉ်ငယ်ဌာနခွဲတွင် ရေမျော (၃) ဦီးအား ကယ်ဆယ်ရေး ပစ္စည်း၊ ကျားလုံချည်၊ တီရှပ်နှင့်ဆပ်ပြာတို့အား ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးမှ ဝန်ထမ်းများနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_fld #ygn_oct2021









