Latest News
-
မိုင်းထိဒဏ်ရာရပြည်သူများအား ထောက်ပံ့မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၁၁-၂၀၂၁) ရက်နေ့၌ ကျောက်မဲမြို့နယ်၊ ကြူရှောကျေးရွာအုပ်စု၊ ကြူရှော(တောင်)ကျေးရွာနေ ပြည်သူ(၃)ဦးသည် မိုင်းစထိမှန်ဒဏ်ရာရရှိပြီး လားရှိုးပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူနေသည့်အတွက် အဆိုပါ ဒဏ်ရာရပြည်သူ(၃)ဦးတို့အတွက် (၁)ဦးလျှင်ထောက်ပံ့ငွေ(၅၀,၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ(၁၅၀,၀၀၀/-)ကျပ်အား (၂-၁၁-၂၀၂၁) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_nov2021 Souce: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ အရှေ့စည်းကျေးရွာအုပ်စု၊ အရှေ့စည်းကျေးရွာ၌ (၁၂-၁၀-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်အား (၂၉-၁၀-၂၀၂၁) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #sgg_oct2021 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ၊ တာဝန်ရှိသူများသည် ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စု၊ ရေကန်တောင် ကျေးရွာ၌ (၂၂-၉-၂၀၂၁)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့် ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၂၉)ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုးငွေ (၆၀,၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၁၀,၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁) ပုံးတို့ အား(၂၆-၁၀-၂၀၂၁)ရက်နေ့ (၁၀း၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ချောင်းဖြူကျေးရွာတွင် (၁၈-၁၀-၂၀၂၁)ရက်နေ့၌ ဆားပွက်ချောင်းရေတိုက်စား၍ ချောင်းကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး (၁၈,၉၀၀ိ/-)၊ ရန်ပုံငွေစုစုပေါင်း (၂၁၈,၉၀၀ိ/-)အား (၂၇-၁၀-၂၀၂၁)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_oct_2021 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Hygiene Kit-E နှင့် လက်သန့်ဆေးရည်များ လှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၂၆.၁၀.၂၀၂၁)ရက်နေ့ (၁၀:၀၀) နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် ၊ ပတ္တမြားရပ်ကွက်ရှိ မြို့ဦးသီလရှင်ကျောင်းသို့ Hygiene Kit-E (၁၂)ဖာနှင့် လက်သန့်ဆေးရည်ဗူးတို့အား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_oct_2021 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများနှင့် ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် (၁၇-၁၀-၂၀၂၁)ရက်နေ့မှ (၁၈-၁၀-၂၀၂၁)ရက်နေ့အထိ ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့်အိမ်ထောင်စု (၇၁) စုမှ လူဦးရေ (၃၂၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၂၃၀,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၆၈၆,၇၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၉၁၆,၇၀၀/-)ကျပ်တို့အား (၂၆-၁၀-၂၀၂၁)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင်လည်းကောင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ (၃)ရွာတွင် (၁၈-၁၀-၂၀၂၁)ရက်နေ့မှ (၂၃-၁၀-၂၀၂၁)ရက်နေ့အထိ ဖြစ်ပွားခဲ့သော ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်ခဲ့သော အိမ်ထောင်စု (၄)စု၊ ဘုန်းတော်ကြီးကျောင်း … Read more









