ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၀-၂၀၂၁) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများဖြင့်ပူးပေါင်း၍ ကသာမြို့နယ်အတွင်း ပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လိုက်နာရမည့်စည်းကမ်းများအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် အသံချဲ့စက်ဖြင့်လိုက်လံအသိပေးခြင်း၊ နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်း နှင့် (Mask Camping)လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr
#sgg_oct2021
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events