ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ချောင်းဖြူကျေးရွာတွင် (၁၈-၁၀-၂၀၂၁)ရက်နေ့၌ ဆားပွက်ချောင်းရေတိုက်စား၍ ချောင်းကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး (၁၈,၉၀၀ိ/-)၊ ရန်ပုံငွေစုစုပေါင်း (၂၁၈,၉၀၀ိ/-)အား (၂၇-၁၀-၂၀၂၁)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_oct_2021
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events