ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၁၂.၂၀၂၁)ရက်နေ့၌ မုဒုံမြို့နယ်၊ ဝက်တဲကျေးရွာတွင် ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးသွားခဲ့သည့် လူနေအိမ်(၂)လုံးမှ အိမ်ထောင်စု(၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂)အိမ်ထောင်စာအတွက်တန်ဖိုးငွေ (၉၈,၀၇၂/-)၊ နှင့်မီးဘေးသင့်လူဦးရေ(၆)ဦးအတွက်(၇)ရက်စာဆန်ဖိုးငွေ(၁၂,၆၀ဝိ/-)တို့အား (၂၀.၁၂.၂၀၂၁)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_Dec_2021 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သာယာဝတီခရိုင်ဦးမှူးရုံးမှတာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ မကျီးစု ကျေးရွာအုပ်စု၊ သပြေလှကျေးရွာတွင် (၁၆-၁၂-၂၀၂၁)ရက်နေ့ (၀၃း၄၀)နာရီအချိန်၌ ဖြစ်ပွားခဲ့သောမီးဘေး ကြောင့် ဘေးသင့်ပျက်စီးလူနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀ဝ/-) ကျပ်၊ လူဦးရေ (၁၀)ဦးတို့အတွက် ဆန်ဖိုးထောက်ပံ့ငွေ(၂၁,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၂၁,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၃)အိမ်ထောင်စုစာတို့အား (၁၇-၁၂-၂၀၂၁)ရက်နေ့ (၁၁း၀၀)နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ ရပ်ကျေး စာရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သာယာဝတီခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထန်းပင် ကုန်းကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာတွင် (၁၇-၁၂-၂၀၂၁)ရက်နေ့ (၁၄း၃၅)နာရီအချိန်၌ ဖြစ်ပွား သောမီးဘေးကြောင့် ဘေးသင့်လူနေအိမ်(၁၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၆၀၀,၀၀ဝ/-) ကျပ်၊ လူဦးရေ(၇၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၅၅,၄၀၀/-)ကျပ်၊ စုစု ပေါင်းထောက်ပံ့ငွေ (၁,၇၅၅,၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ (၁၇) အိမ်ထောင်စာ တို့အား(၁၈-၁၂-၂၀၂၁)ရက်နေ့ (၀၉း၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးနှင့် တာဝန်ရှိသူများ၊ ရပ်ကျေးစာရေး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်အတူဘေးဖြစ်ပွားရာ ထန်းပင်ကုန်းကျေးရွာ … Read more

  • မြေငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိနယ်စပ်ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တွင် (၁၅-၁၂-၂၀၂၁)ရက်နေ့မှ (၁၇-၁၂-၂၀၂၁) ရက်နေ့ထိ ကျင်းပပြုလုပ် သည့် “မြေငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း” ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့မှ စုစုပေါင်းအင်အား (၁၀၀) ဦးဖြင့် ပူပေါင်းဆောင်ရွက်ခဲ့ပြီး အစား အသောက်နှင့် သောက်ရေသန့်များဖြင့် ကျွေးမွေးဧည်ခံခြင်း၊ ဘေး(၉) မျိုး လက်ကမ်းစာစောင်၊ ဗီနိုင်းပိုစတာ၊ First … Read more

  • သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၁၂-၂၀၂၁) ရက်နေ့၌ ထားဝယ်မြို့၊ အ.ထ.က(၅)၊ ထားဝယ်စာသင်ကျောင်း၌ ရာသီအလိုက်ဖြစ်ပွား တတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိ ပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ အသိပညာပေးဗီနိုင်းပိုစတာများဝေငှခြင်း၊ Hand Gel နှင့် လက်အိတ်များဝေငှခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_dec2021 Souce: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    (၁၄-၁၂-၂၀၂၁)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထားဝယ်မြို့၊ အ.ထ.က(၁)၊ ထားဝယ်စာသင်ကျောင်း၌ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက် များအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ Hand Gel နှင့် လက်အိတ်များ ဝေငှခြင်း၊ အသိပညာပေးဗီနိုင်းပိုစတာများ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ar #tny_dec2021 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)