ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • သစ်ပင်ပြိုလဲမှုကြောင့် နေအိမ်ပျက်စီး ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၁)ရက်နေ့ (၀၈း၁၀)အချိန်၌ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ တောင်ပန်းဆွဲကျေးရွာအုပ်စု၊ တောင်ဖလံကုန်းကျေးရွာ​တွင် သက်တမ်းရင့်ကုက္ကိုပင်အောက်ခြေဆွေးမြေ့၍ ပြိုလဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သစ်ပင်ပိပြိုလဲပျက်စီးလူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)ကျပ်၊ အိမ်​ထောင်စု(၁)စုရှိလူဦးရေ(၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄,၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၄,၂၀၀/-)ကျပ်နှင့် လေးထောင့်ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်(၁)စုစာတန်ဖိုးငွေ(၄၉,၀၃၆/)ကျပ်နှင့် ကတ္ထူစက္ကူပုံး(၁)ပုံးတို့အား (၂၄-၁၂-၂၀၂၁)ရက်နေ့၊ (၁၅း၃၀)နာရီအချိန်၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကျေးစာရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်အတူ ဖလံကုန်း​ကျေးရွာတွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #bgo_dec2021 Source: သာယာဝတီခရိုင်ဦးမှူးရုံး (ဘစမ)

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ရန်ကုန်‌အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၁၂.၂၀၂၁)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်၌ ရန်ကုန်‌‌အ‌ရှေ့ပိုင်းခရိုင်၊‌မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ဘုမ္မာ-၂လမ်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သောကြောင့် အိမ်‌ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၉၀,၀၀ဝိ/-)၊ လူဦးရေ(၁၁)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၂၃၁၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၅၁၃၁၀ဝိ/-)ကျပ်အား (၂၄.၁၂.၂၀၂၁)ရက်နေ့(၁၁:၀၀)နာရီအချိန်တွင်‌မြောက်ဥက္ကလာပမြို့နယ် အ‌‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_dec_2021 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ရန်ကုန်‌အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂.၁၂.၂၀၂၁)ရက်နေ့၊ (၀၂:၃၀)နာရီအချိန်၌ ရန်ကုန်‌‌အ‌ရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(၇၈)ရပ်ကွက်၊ အောင်သ‌ပြေ-၁ လမ်းရှိ မေတ္တာဂုဏ်ရည်ပရဟိတစာသင်တိုက်တွင်ဖြစ်ပွားသော မီးလောင်ကျွမ်းမှု‌ကြောင့် ကျောင်းဆောင်(၁)ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)၊ ပျံလွန်တော်မူသော သာမဏေ(၃)ပါးအတွက်ထောက်ပံ့ငွေ(၉၀၀၀၀ဝိ/-)၊ သံဃာတော်(၂၆)ပါးနှင့် လူ(၂)ဦးအတွက် ဆွမ်းနှင့်ဆန်ရိက္ခာဖိုး‌ထောက်ပံ့ငွေ(၅၈၈၀ဝိ/-)၊ သံဃာတော်(၂၆)ပါးအတွက် သင်္ကန်း(၂၆)စုံအား (၂၃.၁၂.၂၀၂၁)ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင်‌ ဒဂုံဆိပ်ကမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သံဃာတော်များ၏ လက်ဝယ်အရောက် လှူဒါန်းထောက်ပံ့‌ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_dec_2021 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • တောင်ငူမြို့နယ်အဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး ဇာတ်တိုက် လေ့ကျင့်ခန်း ပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၂-၁၂-၂၀၂၁) ရက်နေ့၌ တောင်ငူမြို့နယ်အဆင့် ငလျင်ဘေး အန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး ဇာတ်တိုက်လေ့ကျင့်ခန်း (Earthquake Simulation Exercise In Taungoo) ဖွင့်ပွဲအခမ်းအနားကို တောင်ငူမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့၊ ဥက္ကဌနှင့် မြို့နယ်စီမံရေးအဖွဲ့ အဖွဲ့ဝင် ၁ တို့မှ အမှာစကားပြောကြားဖွင့်လှစ်ပေးခဲ့ပြီး ဇာတ်တိုက်လေ့ကျင့်ခန်းကို တပ်မတော်၊ ဌာနဆိုင်ရာနှင့် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် စုစုပေါင်း (၄၅) ဦး တက်ရောက် ဆောင်ရွက်ခဲ့ကြပါသည်။ ငလျင်ဘေးအန္တရာယ် … Read more

  • ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း ‌ဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေသတင်း

    (က)      အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအသင့်အတင့်ရှိသော လာနီညာအခြေအနေသို့ ရောက်ရှိနေပါသည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ ယခုလက်ရှိမှ လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း အားအသင့်အတင့်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်ပြီး၊ ဖေဖော်ဝါရီလနှင့် မတ်လများတွင် အားအနည်းငယ်ရှိသော လာနီညာအဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ (ခ)       လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာ ဖြစ်စဉ်ကြောင့် … Read more

  • ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း ဖွင့်လှစ်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးနှင့် ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများပူးပေါင်း၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၁)သင်တန်းအား (၂၁.၁၂.၂၀၂၁)ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင် ပုလောမြို့နယ်၊ မြို့နယ်ခန်းမ၌ သင်တန်းသား/သူ (၃၀)ဦးဖြင့် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး (၂၁.၁၂.၂၀၂၁)ရက်နေ့မှ (၂၃.၁၂.၂၀၂၁)ရက်နေ့အထိ သင်တန်းကာလ(၃)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_dec_2021 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)