Latest News
-
မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ကွမ်းခြံကုန်းကျးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် (၆-၃-၂၀၂၂) ရက်နေ့၊ (၁၃:၄၅) နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁) လုံးမီးဘေးသင့်ခဲ့ပြီး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ(၆)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်၊ လူဦးရေ (၆)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ အိမ်ထောင်စု(၁)စုစာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရန် အိမ်ထောင်စု (၁)စုစာအတွက် … Read more
-
မီးဘေးအသိပညာပေးခြင်းနှင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၃-၂၀၂၂)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်မှ (၁၅:၄၀) နာရီ အချိန်ထိ အင်းမကျေးရွာအုပ်စုအတွင်းရှိ (ကျုံကဇန်း၊ တာပေါက်၊ တူးချောင်း၊ အင်းမ၊ မှင်ခမွန်၊ ဘီးလင်းနှင့် မလောင်)ကျေးရွာတို့တို့နှင့် အောက်ထုံးကျေးရွာအုပ်စုအတွင်းရှိ (အောက်ထုံး၊ မရမ်းစု၊ အင်းတေးစု၊ သစ်တောစု၊ ကျုံလှ၊ လက်ပန်တန်း၊ စစ်ကုန်း၊ ကိုးအိမ်တန်းနှင့် ဗာမနီး)ကျေးရွာတို့၌ မီးဘေးအသိပညာပေး ဟောပြောခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်နှင့် ဗွီနိုင်းပိုစတာများအား ဖြန့်ဝေပေး ခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် ရွေးချယ်ထားသည့် စုစုပေါင်းနေအိမ် (၁၀၀)လုံးစာအတွက် … Read more
-
တောဆင်ရိုင်းဝင်ရောက်ဖျက်စီးမှုကြောင့် ပျက်စီးဆုံးရှုံးသည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၃-၂၀၂၂) ရက်နေ့၊ (၀၃:၀၀) နာရီအချိန်တွင် ရန်ကုန်မြေက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဖလုံဘူတာကျေးရွာအုပ်စု၊ ဒီဒုတ်ကွင်းကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ) ကျပ်၊ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈,၉၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၈,၉၀ဝ) ကျပ်အား (၁၀-၃-၂၀၂၂) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၂-၂၀၂၂) ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ အော်ထဲရပ်တွင် လျှပ်စစ်မီးသုံးစွဲရာမှ ဝါယာရှော့ဖြစ်၍ မီးစတင်လောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါမီးဘေးကြောင့် မီးဘေးသင့် လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၈,၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁) ပုံးတို့အား (၉-၃-၂၀၂၂) ရက်နေ့ (၁၁:၃၀) အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် (၉-၃-၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်အထိ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာ အထက်တန်းကျောင်းသို့ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကျောင်းသူကျောင်းသားများနှင့် ဆရာ၊ ဆရာမများအား အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းများပေးအပ်ခဲ့ပါကြောင် သတင်းရရှိပါသည်။ Source: လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_mar2022
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ဒေါ်ဖဲကွင်းအုပ်စု၊ သင်ပန်းချောင်းကျေးရွာတွင်(၂-၃-၂၀၂၂)နေ့၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀ဝ/-)ကျပ်၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၂)အိမ်ထောင်စာအတွက် (၉၈၀၇၂/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၁၀၆၇၂/-)ကျပ်အား (၇-၃-၂၀၂၂)ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်၀ယ်အရောက် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #aya_mar_2022 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









